Thai Celebrity

2021 ရဲ့အခမ်းနားဆုံးဆုပေးပွဲမှာ အဓိကဇာတ်လိုက်နေရာအတွက် ယှဉ်ပြိုင်ကြမယ့် ထိုင်းမင်းသမီး (၆) ဦး

၂၀၂၁ Zoom Dara Awards ဆုပေးပွဲကြီးအတွက် ‘အကောင်းဆုံး အဓိကဇာတ်လိုက်မင်းသမီးဆု’ စာရင်းကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ နှစ်စဉ် တခမ်းတနားကျင်းပတဲ့ဆုပေးပွဲကြီးဖြစ်ပြီး ဒီနှစ် စကာတင်စာရင်းဝင်မင်းသမီးတွေကလည်း (၆) ယောက်စလုံးက နာမည်ကြီးတွေဖြစ်လို့ တကယ်ကို ရွေးချယ်ရခက်လှပါတယ်။

Now Tisanart

စကာတင်စာရင်းမှာ ပထမဆုံးပါဝင်လာသူကတော့ လက်ရှိနာမည်ကျော်ကြားနေတဲ့ Now Tisanart ပါပဲ။ “Mae Bia” ဇာတ်လမ်းထဲက သူမရဲ့ဇာတ်ကောင်ကြောင့်ပဲ ဒီနှစ်အတွက် ဆုစာရင်းဝင်မင်းသမီးဖြစ်လာပါတယ်။

Mai Davika

၂၀၂၁ အတွက် ဆုအခမ်းအနားမှာ ပါဝင်လာသူ နောက်ထပ်နာမည်ကြီးမင်းသမီးကတော့ Mai Davika ပါပဲ။ စိန်ခေါ်မှုများတဲ့ “Wanthong” ဇာတ်လမ်းထဲမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် စကာတင်ဝင်လာခဲ့ပါတယ်။

Nune Woranuch

စီနီယာမင်းသမီးကြီး Nune Woranuch ကလည်း မပါမဖြစ် စကာတင်စာရင်းဝင်ပါပဲ။ “Krachao See Da” ဇာတ်လမ်းနဲ့ တော်တော်လေး လူကြိုက်များနေတာကြောင့် ဆုရဖို့အလားအလာများနေသူလည်း ဖြစ်ပါတယ်။

Baifern Pimchanok

“46 Days” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကို လွှမ်းမိုးနိုင်ခဲ့သူ Baifern Pimchanok က‌လည်းပဲ ဒီနှစ်အတွက် စကာတင်ဝင်လာခဲ့ပါတယ်။ သူမရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ဒီနှစ်အတွက် ဆုရရှိနိုင်ကြောင်း သတင်းမွှေးနေပါတယ်။

Bella Ranee

ထိပ်တန်းမင်းသမီးဖြစ်သူ Bella Ranee ဟာ ခက်ခဲတဲ့ ရှေ့နေ‌ဇာတ်ကောင်ကို အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်နိုင်ခဲ့ပါတယ်။ “Dare to Love: Hai Ruk Pipaksa” ဇာတ်လမ်းဟာဆိုရင် ကြည့်ရှုနှုန်းလည်း မြင့်တာကြောင့် စကာတင်စာရင်းဝင်ဖြစ်လာခဲ့တာပါ။

Kwan Usamanee

၂၀၂၁ မှာ ပြန်လည်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kwan Usamanee ဟာ remake ဇာတ်လမ်းသစ်ဖြစ်တဲ့ “Mae Nak Phra Khanong” နဲ့တင် စကာတင်ဝင်နိုင်ခဲ့တာ တော်တော်လေးကို ပြောင်မြောက်လှပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix