Thai Celebrity

Cha Eunwoo ကိုယ်တိုင် ချီးကျူးပြောဆိုခဲ့တဲ့ “I Told Sunset About You” ဆုရ Thai BL ဇာတ်လမ်းတွဲ

၂၀၂၁ ခုနှစ်အတွင်း Seoul Drama Awards 2021 ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲအခမ်းအနားမှူးတွေအဖြစ် မင်းသမီး Park Eun Bin နဲ့ ASTRO’s Cha Eun Woo တို့က ဦးစီးခဲ့ပြီး MBC ရဲ့ Public Hall မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Seoul Drama Awards က နှစ်စဉ်ကျင်းပချီးမြှင့်တဲ့ နိုင်ငံတကာဇာတ်လမ်းရုပ်ရှင်ပွဲတော်ဖြစ်ပြီး ကမ္ဘာအနှံ့က ဇာတ်လမ်းတွဲတွေပါ ပါဝင်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထိုင်းနိုင်ငံဂုဏ်‌ဆောင်အဖြစ် နာမည်ကြီး BL ဇာတ်လမ်းဖြစ်တဲ့ “I Told Sunset About You” ဇာတ်လမ်းက Most Popular Foreign Drama ဆုကို ဂျပန်နိုင်ငံရဲ့ဇာတ်လမ်းဖြစ်တဲ့ “Signal” နဲ့အပြိုင် ပူးတွဲရရှိခဲ့ပါတော့တယ်။

“ဆယ်ကျော်သက်အရွယ် လူငယ်ကောင်လေးနှစ်ယောက်ဖြစ်တဲ့ Teh နဲ့ Ohaew တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့ ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဖူးခက်ကမ်းခြေအား နောက်ခံထားပြီးရိုက်ကူးထားတဲ့ ထိုင်းဇာတ်လမ်းတွဲ၊ Chemistry မိမိနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသားများနဲ့ ကောင်းမွန်လှပပြီး ကြည့်ရှုချင်ဖွယ်မြင်ကွင်း၊ ပြောင်မြောက်နူးညံ့လှတဲ့ ရိုက်ကူးဖန်တီးမှုကို တက်ညီလက်ညီရိုက်ကူးထားနိုင်ခြင်း” စတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ ဆုရရှိခဲ့ပါတော့တယ်။ ဒါတင်မက မင်းသား PP Krit ကလည်းပဲ Asian Star Prize ဆုကို စင်မြင့်ထက်မှာ တက်ရောက်ရယူနိုင်ခဲ့ပါတော့တယ်။

ပွဲအခမ်းအနားမှူးအဖြစ်ပါဝင်ခဲ့တဲ့ Cha Eunwoo ကိုယ်တိုင်ကလည်း Vogue Korea နဲ့ အင်တာဗျူးမှာ “I TOLD SUNSET ABOUT YOU” ဇာတ်လမ်းတွဲကို စွဲလန်းနေကြောင်း ပြောပြခဲ့ပါတယ်။ “ကျွန်တော်တွေးနေမိတာတစ်ခုရှိတယ်။ ဒီ series ကလေ လက်ရှိ ကမ္ဘာကြီးမှာ လိုအပ်နေတဲ့ ဇာတ်လမ်းတွဲမျိုးပါပဲ။ ကျွန်တော် ဒီကားကိုကြည့်တိုင်း ကောင်းမွန်တဲ့ စိတ်အခြေအနေ၊ ခံစားချက်တွေကို ခံစားမိလာရပါတယ်” ဆိုပြီး ဖွင့်ဟ ပြောသွားခဲ့ပါတော့တယ်။

ဂုဏ်ယူလို့မဆုံးနိုင်လောက်အောင် ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် ဆုအခမ်းအနားမှာ နေရာရယူနိုင်ခဲ့ပြီး မင်းသား PP Krist ကလည်းပဲ နိုင်ငံ့ဂုဏ်ဆောင်က နိုင်ငံတကာအနုပညာရှင်တွေရဲ့ရှေ့မှောက်မှာပဲ ဆုယူနိုင်ခဲ့ပါတယ်။Cha EunWoo ကိုယ်တိုင်ကတောင် ဂုဏ်ယူစွာနဲ့ ချီးကျူးပြောဆိုရတဲ့အထိကို “I Told Sunset About You” ဇာတ်လမ်းတွဲကလည်း ကြည့်တိုင်းကို ရင်ထဲ ထိစေနိုင်ပါတော့တယ်။

Source: ThaiToday
Photos: Twitter
Translated by Julix