Thai Celebrity

ကျိကျိတက်ချမ်းသာတဲ့ ဘောစိကြီးတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ ထိုင်းမင်းသမီး (၉) ဦး

ထိုင်းအနုပညာရှင်တွေက နယ်ပယ်တူထဲက မိတ်ဆွေတွေနဲ့ တွဲလေ့ရှိကြသလို တချို့ကတော့ လူကုံထံ သူဌေးတွေနဲ့ တွဲကြပြန်ပါသေးတယ်။ တကယ့်ဘောစိတွေနဲ့ လက်ထပ်ယူခဲ့ကြတဲ့ မင်းသမီးတွေကတော့ လက်ချိုးရေတွက်လို့တောင် ရပါ‌တယ်။ သူဌေးတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ မင်းသမီးတွေကတော့ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်

Chompoo Araya

ထိပ်တန်းမင်းသမီးချော Chompoo ကတော့ လက်ထပ်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကျဲသွားပြီး မိသားစုကို အချိန်ပေးနေပါတယ်။ ချမ်းသာတဲ့လင်ယောက်ျားဖြစ်သူနဲ့အတူ အမြွှာလေး (၂) ယောက်ရရှိထားပြီး အခုလည်း ဗိုက်ထဲမှာ သမီးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။

Pat Napapa

မင်းသမီးချော Pat Napapa ရဲ့ ဘဝကြီးကတော့ ဇာတ်လမ်းမဆန်လှပါဘူး။ မိသားစုပြဿနာတွေလည်းရှိပြီး အခက်အခဲများစွာဖြတ်ကျော်ရင်းနဲ့ ၂၀၁၆ မှာပဲ Pat Napapa ဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ ရင်ခွင်မှာ နားခိုခဲ့ပါတော့တယ်။ ကံ‌ဆိုးစွာနဲ့ ယောက်ျားဖြစ်သူက တရားမဝင်ကုန်ပစ္စည်းသယ်ပို့မှုတွေလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ကျသွားခဲ့‌ပြန်ပါတယ်။ Pat ဟာ တကိုယ်တည်းရုန်းကန်ခဲ့ပြီး ယောက်ျားဖြစ်သူ ပြန်လွတ်လာတဲ့အခါမှာတော့ တရားဝင်ကွာရှင်းခဲ့ကြပါတော့တယ်။

Noey Chotika

၂၀၁၆ မှာ မင်းသမီး Noey Chotika က သူမရဲ့ချစ်သူ သန်းကြွယ်သူဌေးနဲ့လက်ထပ်ခဲ့ပြီး အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ လက်ရှိမှာ ကလေး (၂) ယောက်နဲ့အတူ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး တစ်ဖက်မှာလည်း စီးပွားရေးလောကရဲ့ နာမည်ကြီးစုံတွဲ‌ဖြစ်နေပါ‌တော့တယ်။

Mew Nittha

ထိပ်တန်းမင်းသမီး Mew Nittha ကလည်း စီးပွားရေးလုပ်ငန်းရှင်သူဌေး Saint နဲ့ လက်ထပ်ခဲ့ပါတယ်။ ငွေကြေးချမ်းသာပြည့်စုံတဲ့အပြင် ယောက်ျားကလည်း တုန်နေအောင်အချစ်ခံရသူမို့ Mew ကို အားကျနေကြပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်းကကော ကလေးမွေးပြီးသည်အထိပါ အချစ်မလျော့ဘဲ ဂရုစိုက်ကြောင်းကိုလည်း Mew က ဂုဏ်ယူစွာ ပြောပြခဲ့ပါတယ်။

Margie Rasri

Margie Rasri ကတော့ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးသူကြွယ်မျိုးစာရင်းဝင် Chirathivat အသိုင်းအဝိုင်းရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်ခဲ့ပါတယ်။ ယောက်ျားဖြစ်သူရဲ့အသိုင်းအဝိုင်းကလည်း Margie Rasri ကို ဂရုစိုက်ပြီး အမျိုးသားကလည်း ချစ်ခင်ကြင်နာတာကြောင့် Margie ကလည်းပဲ ကံကောင်းတဲ့ မိန်းမသားတစ်ဦးပဲ ဖြစ်ပါတော့တယ်။ အမြွှာလေးနှစ်ယောက်မွေးတုန်းကလည်း Margie ‌အနားကမခွာဘဲ ကလေးတွေကိုလည်းထိန်းပြီး မိန်းမဖြစ်သူကိုလည်း စိတ်ပေါ့ပါးစေတဲ့ တာဝန်ကျေပွန်တဲ့ လင်ယောက်ျားကို ရရှိထားတာပါ။

Janie Tienphosuwan

ဝါရင့်စီနီယာမင်းသမီးကြီး Janie Tienphosuwan ကတော့ သူမရဲ့ မိတ်ဆွေရဲ့ ဖခင်ဖြစ်သူနဲ့ လက်ထပ်ဖူးပါတယ်။ အထက်တန်းလွှာကဖြစ်ပေမဲ့ Janie ကို ညှင်းပန်းနှိပ်စက်ကြောင်း ပုံတွေနဲ့တက်လာပြီးနောက် နှစ်ယောက်သား ကွာရှင်းလိုက်ကြပါတယ်။ အခုချိန်မှာတော့ သူမထက် ၁၃ နှစ်ငယ်တဲ့ မော်ဒယ်တစ်ယောင်နဲ့ လက်ထပ်ထားပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်နေပါပြီ။

Nune Woranuch

Nune Woranuch ကတော့ ၂၀၀၉ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးနဲ့ အာဏာအရှိဆုံး အသိုင်းအဝိုင်းရဲ့ မျိုးဆက်ဖြစ်သူ Todd Piti နဲ့ လက်ထပ်ခဲ့ရပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက် ၁၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး သားသမီးမရှိပေမဲ့လည်း ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။

Rita Sririta

Rita Sririta က အထက်တန်းလွှာ လူကုံထံချစ်သူနဲ့ အကြာကြီးတွဲပြီးနောက် ၂၀၂၀ အစောပိုင်းမှာ လက်ထပ်ခဲ့တာပါ။ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာ‌ဆောင်ခဲ့ပြီး မကြာသေးခင်ကမှ ပထမဆုံးကလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူမရဲ့အမျိုးသားကြောင့် အမြဲတမ်းလုံခြုံပြီး ပျော်ရွှင်ရကြောင်း Rita က တဖွဖွပြောလေ့ရှိပါတယ်။

Aff Taksaorn

နာမည်ကျော်မင်းသမီး Aff Taksaorn ကလည်းပဲ လူချမ်းသာတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် ကွာရှင်းမယ့်သတင်းတွေ အကြိမ်ကြိမ်ထွက်ခဲ့ဖူးပြီး သည်းမခံနိုင်တဲ့အဆုံး ၂၀၁၈ မှာပဲ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ Aff Taksaorn က သမီးငယ်လေးနဲ့အတူ တကိုယ်တော်ရှေ့ဆက်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတော့တယ်။

Source: ThaiEnt
Photos: ThaiEnt
Translated by Julix