Thai Celebrity

မကြာခင်မှာ ဘောစိချစ်သူတွေနဲ့ လက်ထပ်နိုင်ချေရှိကြောင်းသတင်းမွှေးနေတဲ့ မင်းသမီး (၅) ဦး

မင်္ဂလာသတင်းတွေကို နားစွင့်နေကြတဲ့ ထိုင်းဇာတ်လမ်းချစ်ပရိသတ်ကြီးတို့အတွက် မကြာခင်မှာ လက်ထပ်မယ့်သတင်းတွေ ကြားရနိုင်ချေရှိနေပါတယ်။ ချမ်းသာတဲ့ ချစ်သူသူဌေးတွေနဲ့ လက်ထပ်ဖို့ပြင်ဆင်နေတယ်,ဆိုပြီး မင်းသမီး (၅) ဦးကတော့ သတင်းမွှေးနေပါတယ်။

(၁) Matt Peranee
မင်းသမီး Matt Peranee ကတော့ အိမ်ထောင်ရှိဖူးတဲ့ အရာရှိသူကြွယ်တစ်‌ယောက်နဲ့ တွဲနေတာဖြစ်ပါတယ်။ မင်းသမီး Aff ရဲ့ ‌ယောက်ျားဟောင်းဖြစ်သူ Songkarn Taechanarong ဟာ ကွာရှင်းပြီးနောက် Matt Peranee နဲ့ တွဲခဲ့ကြတာပါ။ Dating သတင်းထွက်လာတုန်းက ပရိသတ်တွေ ဝေဖန်မှုရှိကြပေမဲ့ အခုချိန်မှာတော့ မကြာခင် လက်ထပ်‌တော့မယ်လို့တောင် သတင်းမွှေးနေပါပြီ။

(၂) Mint Chalida
မင်းသမီးချော Mint Chalida ကလည်း ဘောစိတစ်ယောက်ဖြစ်တဲ့ Puaa Taechanarong နဲ့ ချိုမြိန်တဲ့အချစ်ရေးကို တည်ဆောက်ထားပါတယ်။ နှစ်ယောက်စလုံးက ချစ်ပြတတ်လွန်းလို့ မင်္ဂလာသတင်းကြားရဖို့ နီးနေပြီဖြစ်ပါတယ်။

(၃) Taew Natapohn
ထိပ်တန်းမင်းသမီး Taew Natapohn ရဲ့ ချစ်သူကတော့ Hi-So Pranai ပဲ ဖြစ်ပါတယ်။ Ro ဆန်ဆန်အချိန်လေးတွေကို မကြာခဏချပြလေ့ရှိတဲ့ ဒီစုံတွဲကတော့ လက်ထပ်ဖို့တောင် အကုန်ပြင်ဆင်ပြီးနေလောက်ပါပြီ။ မကြာသေးခင်ကလည်း လက်ထပ်မယ့်သတင်းတွေ ထွက်ရှိလာတာကြောင့် သတင်းကောင်းလေး ကြားရတော့မယ် ထင်ပါတယ်။

(၄) Aum Patchrapa
ထိုင်းနိုင်ငံရဲ့ သူကြွယ်စာရင်းဝင် Hi-So Pok နဲ့ တွဲနေသူကတော့ ထိပ်တန်းမင်းသမီး Aum Patchrapa ပါပဲ။ နှစ်ယောက်စလုံးက အလုပ်ကိုပဲ အာရုံစိုက်ထားသူဖြစ်တာကြောင့် မင်္ဂလာသတင်းကြားရဖို့က သိပ်မသေချာပေမဲ့ ပရိသတ်တွေက မြန်မြန် လက်ထပ်စေချင်နေကြပါပြီ။

(၅) Pleng Chontida
မင်းသမီး Pleng Chontida နဲ့ Pek Charnvirakul တို့ စုံတွဲလေးကိုတော့ ပြည်ပ,ပရိသတ်တွေက သိပ်ရင်းနှီးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအတွဲလေးကလည်း တကယ်ချစ်စရာကောင်းပြီး တွဲလက်မဖြုတ်ကြတဲ့အတွဲလေးဖြစ်တာကြောင့် လက်ထပ်ဖို့ အဖြစ်နိုင်ဆုံးစုံတွဲလေးအဖြစ် ခန့်မှန်းနေကြပါတော့တယ်။

Source: Thaidaily
Photos: Instagram
Translated by Ivy