Thai Celebrity

China ရဲ့ BL ကန့်သတ်ချက်တွေကြောင့် Series သစ်မှာ ပြဿနာတက်လာမှာကိုပူပန်နေတဲ့ Saint

“Love by Chance”, “Why R U?” စတဲ့ BL ဇာတ်လမ်းတွဲတွေနဲ့ တရုတ်ပရိသတ်အခိုင်အမာရထားတဲ့ အသက် ၂၃ နှစ်အရွယ် Siant ကတော့ BL ဇာတ်လမ်းသစ်ကို ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်တော့မှာပါ။ “Secret Crush on You” လို့ နာမည်ရတဲ့ BL ကားကတော့ Saint အတွက် ကိုယ်တိုင်ထုတ်လုပ်တဲ့ ပထမဆုံး Series ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဟာ BL ဇာတ်လမ်းမျိုးနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့စည်းကမ်းတွေထုတ်ထားတာကြောင့် ဒီစီးရီးနဲ့ပတ်သက်လို့ တစုံတရာပြဿနာတက်လာမှာကို စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ မကြာသေးခင်က “Secret Crush on You” အတွက် ပွဲတင်အခမ်းအနားမှာပဲ Saint က BL ဇာတ်လမ်းအတွက် ကန့်သတ်ထိန်းချုပ်ထားတဲ့ တရုတ်ဥပဒေစည်းမျဉ်းတွေကို သတင်းထောက်တွေရှေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

“တရုတ်မှာ ဒီကန့်သတ်ချက်တွေသတ်မှတ်လိုက်တာကို ကျွန်တော်သိပေမဲ့ စည်းကမ်းချက်အသေးစိတ်ကိုတော့ သေချာမသိသေးပါဘူး။ တရုတ်အာဏာပိုင်တွေရဲ့ စည်းကမ်းတွေအတိုင်း လိုက်နာပြီးတော့ ဖြန့်ချီသွားဖို့ကို ကျွန်တော့်ရဲ့ တရုတ်အသင်းသားတွေနဲ့ တိုင်ပင်နေပါတယ်။ အခုရိုက်ကူးမယ့် စီးရီးသစ်လေးကို တရုတ်အပြင် နိုင်ငံပေါင်းများစွာမှာ ဖြန့်ချီပြသနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ကျွန်တော် အရာရာတိုင်းကို စိုးရိမ်နေမိတယ်။ ကမ္ဘာကြီးမှာလေ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက အခေါက်တိုင်းလောက် မြန်မြန်ဆန်ဆန်ကို ပြောင်းလဲနေတာဆိုတော့ စိတ်ပူမိတယ်။ အဓိက,ကတော့ ပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့သည်ဖြစ်စေ၊ မလုပ်နိုင်ခဲ့သည်ဖြစ်စေ, ဒါကိုလုပ်ဖို့တော့ ကျွန်တော်တို့အကောင်းဆုံး ကြိုးစားသွားမှာပါ။

အဆုံးသတ်မသေချာပေမဲ့ နောင်တမရအောင် ဖန်တီးသွားဖို့ စိတ်ဆုံးဖြတ်ထားပါတယ်” ဆိုပြီး BL Series သစ်အတွက် ဖြစ်လာနိုင်သမျှကို ပြင်ဆင်ထားကြောင်း ပြောပြခဲ့ပါတော့တယ်။ ချိုင်းနားမှာ BL ဇာတ်လမ်းနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပ‌ဒေတွေထုတ်နေပေမဲ့ အားပေးအကြမ်းဆုံးကလည်း ချိုင်းနားပရိသတ်တွေပါပဲ။

ထိုင်း BL မင်းသားတွေဆိုရင် ချိုင်းနားမှာ တကယ့် Fanbase အကြီးစားတွေကို ပိုင်ဆိုင်ထားတဲ့အထိ အောင်မြင်လွှမ်းမိုးထားပါတယ်။ Saint ကလည်း သူရဲ့ပထမဆုံး ထုတ်လုပ်မယ့် BL Series အတွက် အကြီးကြီးမျှော်လင့်ထားတာနဲ့အမျှ ချိုင်းနားရဲ့ ဥပဒေတွေကြောင့် တစုံတရာပြဿနာမဖြစ်လာဖို့ပါ ပြင်ဆင်နေပါတော့တယ်။

Source: ThaiToday
Photos: Weibo
Translated by Ivy