Thai Celebrity

Kimmy ကို လက်ထပ်ခွင့်တောင်းခဲ့ကြောင်း သတင်းထွက်နေတဲ့အပေါ် အမှန်တိုင်းဖြေကြားခဲ့တဲ့ Mark

Mak Prin နဲ့ Kimmy Kimberley တို့ကတော့ အခုနှစ်ထဲမှာ ချစ်သူသက်တမ်း ၈ နှစ်ပြည့်ပြီးသွားပါပြီ။ ဆယ်စုနှစ်နီးပါးရှိတော့မှာတောင် တွဲလက်တွေခိုင်မြဲနေခဲ့ပြီမို့ လက်ထပ်မယ့်အချိန်ကို နားစွင့်နေကြတာပါ။ သင်္ဘောသီးထောင်းတို့မြေမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့သတင်းကတော့ “Mak Prin ဟာ ၈ နှစ်ပြည့် Anniversary နေ့မှာပဲ Kimmy ကို လက်ထပ်ခွင့်တောင်းခဲ့တယ်” ဆိုတဲ့ သတင်းပါပဲ။

MarKim အတွဲဟာ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့အတွက် ပင်လယ်ကမ်းခြေမှာ ၁၀ ရက်ကြာတဲ့ အပန်းဖြေခရီးကို နှစ်ဦးတည်းသီးသန့် ထွက်ရှိခဲ့တာပါ။ ထွက်ရှိနေတဲ့ လက်ထပ်မယ့်သတင်းကြားပြီးနောက် Mark ဟာ အင်တာဗျူးမှာပဲ အမှန်အတိုင်း ဖြေခဲ့ပါတော့တယ်။ “၈ နှစ်ပြည့်နေ့တုန်းက နှစ်ယောက်အတူတူ ဒိတ်ချင်ခဲ့တယ်။

ဒါကြောင့်မို့လို့ ၂ ယောက်စလုံး အလုပ်တွေနားပြီး ကမ်းခြေဖက်ကို ခရီးထွက်ခဲ့ပါတယ်။ ၁၀ ရက်ကြာ သီးသန့်ခရီးထွက်ခဲ့တာပါ။ အပန်းဖြေတဲ့နေရာလေးက တော်တော်လေးကို လှပပြီး ရိုဆန်ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းခဲ့တယ်, ဆိုတာကတော့ မဟုတ်ပါဘူး။ ကျွန်တော် အဲ့အတွက် သေချာမပြင်ဆင်ရသေးပါဘူး။

ဒီ့ထက်ကောင်းတဲ့ အခိုက်အတန့်ကို စောင့်နေခဲ့တာပါ။ ပိုက်ဆံစုမယ်။ နှစ်‌ယောက်စလုံးအဆင်သင့်ဖြစ်တဲ့အချိန်ကိုစောင့်ရင်း ပြင်ဆင်ရဦးမယ်။ ကျွန်တော်ထင်တာကတော့ အဲ့နေ့က လက်ထပ်ခွင့် တောင်းတောင်း၊ မတောင်းတောင်း Kimmy အတွက် ခံစားချက်က အတူတူပဲနေမှာပါ။

ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်အခြေအနေက တော်တော်လေးကို ရိုဆန်လွန်းပြီး ကျေနပ်စရာကောင်းလှအောင် လှပနေခဲ့တာပါ။ လူတော်တော်များများက မေးကြတယ်.. ဒီနှစ်ထဲ မင်္ဂလာသတင်းကြားရတော့မှာလား? ဆိုပြီးတော့ပေါ့။

ကျွန်တော့်အတွက်ကတော့ လက်ထပ်ဖို့ သေချာပြင်ဆင်ပြီးနောက်ပိုင်း ပိုကောင်းတဲ့နေရာမှာ Kimmy ကို လက်ထပ်ခွင့်တောင်းဖြစ်လောက်တာမို့လို့ နားစွင့်နေကြပါနော်” ဆိုပြီး ဖြေရှင်းသွား‌ခဲ့ပါတယ်။ အင်တာဗျူးပြီးတဲ့နောက် ဒီစုံတွဲကြောင့် ပရိသတ်တွေ ပိုပြီးတောင် လှုပ်လှုပ်ရွရွဖြစ်ကုန်ပါတော့တယ်။ ပြင်ဆင်နေပြီဆိုကတည်းက လက်ထပ်ဖို့ နီးနေပြီမို့လို့ မင်္ဂလာသတင်းစောင့်နေကြပါတော့နော်။

Source: ThaiToday
Photos: Instagram
Translated by Ivy