Thai Celebrity

မြင်တာနဲ့ အသည်း‌ယားစေတယ်,လို့ နာမည်ကြီးတဲ့ ခရုတီ ထိုင်း BL စုံတွဲ (၉) တွဲ

ထိုင်းနိုင်ငံက BL ဇာတ်လမ်းတွေကတော့ ကမ္ဘာမှာ ပုံစံတစ်ခုနဲ့ ချွန်းထွက်နေပါတယ်။ ဇာတ်လိုက်မင်းသား ၂ ဦးရဲ့ လိုက်ဖက်မှုကြောင့် ကြည့်နေရင်အသည်းယားရသလို ဇာတ်လမ်းထဲမှာတင်မကဘဲ အပြင်လက်တွေမှာပါ အပေးအယူမျှလွန်းပြီး ချစ်ရာကောင်းတာကြောင့် အူကြူကြူးလေးတွေအဖြစ် သတ်မှတ်ထားတဲ့ စုံတွဲလေး (၉) တွဲ ရှိပါတယ်။

• BounPrem စုံတွဲ
Until We Meet Again ကတည်းက ပရိသတ်တွေ ချစ်ခဲ့ကြရတဲ့ စုံတွဲလေး BounPrem ကတော့ Between Us ဇာတ်လမ်းနဲ့ပဲ အချိုသတ်သွားသေးတာပါ။ ဒီ BL စုံတွဲလေးက အပြင်မှာလည်း တကယ်ကို ကြည်နူးစရာကောင်းအောင် တွဲဖက်နေတတ်တာဖြစ်လို့ ပရိသတ်တွေ အသည်းယားနေကြပါတော့တယ်။

• BillkinPp စုံတွဲ
I told sunset about you ဆိုတဲ့ BL series နဲ့ နိုင်ငံတကာအထိ ဆုတွေပတ်သိမ်းနေတဲ့စုံတွဲကတော့ BillkinPp စုံတွဲပါပဲ။ My Ambulance ကတည်းက ပရိသတ်တွေသတိထားမိခဲ့ကြတဲ့ ဒီစုံတွဲလေးက ယခုအချိန်အထိလည်း တတွဲတွဲနဲ့ ကောင်းမွန်တဲ့ Moment တွေကို ပြသရင်း အူယားအောင်လုပ်နေကြပါတယ်။

• KristSingto
“Sotus The Series”, “Sotus S: The Series” စတဲ့ စီးရီးတွေနဲ့ ပရိသတ်တွေကို သိမ်းကျုံးရရှိခဲ့တဲ့ အတွဲကတော့ KristSingto အတွဲပါပဲ။ အတူတူရှိနေကြတဲ့ အချိန်အခိုက်အတန့်ခဏလေးကတောင် ပရိသတ်တွေကို ရင်ထဲ ယားကျိကျိဖြစ်စေတဲ့အတွဲပါပဲ။

• YinWar စုံတွဲ
YinWar အတွဲလေးကိုတော့ En of Love: Love Mechanics နဲ့ အားလုံးအချစ်ပိုခဲ့ကြမှာပါ။ ဒီအတွဲရဲ့ အဆုံးမရှိတဲ့ Moment တွေကို ပရိသတ်တွေခမျာ ပြုံးပြုံးကြီးထိုင်ကြည့်ရတာ အကြိမ်ကြိမ်ပါပဲ။ ၂၀၂၂ မှာတော့ Love Mechanics (2022) ထွက်လာဦးမှာမို့လို့ ဘယ်လိုတွေ စောင်ကိုက်ခိုင်းဦးမလဲဆိုရင် ရင်ခုန်စရာပါပဲ။

• OffGun
2016 ကထွက်ခဲ့တဲ့ “Senior Secret Love: Puppy Honey” စီးရီးကစတင်ပြီး ဖန်အင်အားတောင့်ခဲ့တဲ့ OffGun စုံတွဲကို သဘောကျသူတွေ အများအပြားပါပဲ။ “Not Me” ဆိုတဲ့ စီးရီးသစ်ကိုလည်း ထပ်မံပြီး အတူတွဲဖက်ရိုက်ကူးထားတာဖြစ်လို့ ဒီအတွဲလေးရဲ့ ချိုမြိန်တဲ့ Moment တွေကို ကြည့်ရပါလိမ့်ဦးမယ်။

• BrightWin
ဒီစုံတွဲကတော့ ပရိသတ်အင်အားအတောင့်အတင်းဆုံးကို ရရှိထားတဲ့ အတွဲပါ။ 2Gether the Series ကြောင့် BrightWin ဆိုရင် မသိတဲ့သူမရှိတဲ့အထိ နာမည်ကြီးကျော်ကြားတဲ့ အတွဲလေးဖြစ်လာပြီး အပြင်တကယ့်လက်တွေ့မှာလည်း တကျက်ကျက်နဲ့ ကြောင်နဲ့ကြွက်ပုံစံအတွဲလေးဖြစ်လို့ အချစ်ပိုနေရပါတော့တယ်။

• TayNew
TayNew အတွဲကတော့ စီးရီးပေါင်းများစွာမှာ အတူတွဲဖက်ရိုက်ကူးတာကြောင့် အတွင်းသိအစင်းသိနေတဲ့ တွဲဖက်တွေပဲဖြစ်ပါတယ်။ ပြာကလက်စိန်အတွဲလည်းဖြစ်တာကြောင့် သူတို့နှစ်‌ယောက်ကိုတွဲမြင်လိုက်ရရင် ပင်ပန်းနေတာတွေတောင် ပြေပျောက်စေနိုင်ပါတော့တယ်။

• EarthMix
ပရိသတ်တွေ အချိုအကျွေးခံရဆုံး BL စုံတွဲကို ပြောရရင်တော့ EarthMix အတွဲပါပဲ။ Tale of a Thousand Stars စီးရီးပြသပြီးတာ‌တောင် ဘယ်နေရာရောက်ရောက် ရိုနေတဲ့အတွဲပါ။ အငယ်‌လေးဖြစ်တဲ့ Mix ကို အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းဂရုစိုက်ပေးတတ်တဲ့ Earth ရဲ့‌ ပုံစံကို ပေါ်တင်ကော မသိမသာပါ မြင်တွေ့နေရတဲ့ ပရိသတ်တွေကတော့ အမြဲလိုလို စောင်ကိုက်နေရပါတော့တယ်။

• MewGulf
“TharnType The Series” နဲ့ BL လောကထဲဝင်လာခဲ့သူဆိုရင် MewGulf အတွဲကို အသေအကြေကိုကြိုက်ကြပါတယ်။ လက်ရှိမှာတော့ အေဂျင်စီမတူကြတော့တာဖြစ်လို့ နှစ်ယောက်သား အနေဝေးနေကြပေမဲ့ အတိတ်က Moment တွေကိုပြန်ကြည့်ရင်း နောက်ထပ်စီးရီးသစ်အတူရိုက်ကူးဖို့ တောင့်‌တနေကြတာလည်းဖြစ်ပါတယ်။

Source: Thaidaily
Photos: Instagram
Translated by Ivy