Celebrity News

F4 Thailand: Boys Over Flowers ကို စတင်ပြသမယ့် နေ့အတိအကျနှင့် နောက်ဆုံးရသတင်း

F4 ကားတွေကတော့ ထိုင်ဝမ်၊ ကိုရီးယား၊ ချိုင်းနား စသဖြင့် နိုင်ငံအလိုက် Version မျိုးစုံ ပြောင်းလဲရိုက်ကူးလာခဲ့ရာ လူကြိုက်များတဲ့ ဒရမ်မာတစ်ခုလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်ရေးတွေကလည်း ထိုင်း Version အနေနဲ့ F4 Thailand: Boys Over Flowers ကို စတင်ရိုက်ကူးခဲ့တာ ကြာခဲ့ပြီးဖြစ်ပြီး အဓိကဇာတ်လိုက်တွေကြောင့် ထွက်မယ့်ရက်ကို ပရိသတ်တွေက မျှော်နေကြတာပါ။

F4 Thailand: Boys Over Flowers မှာတော့ Tu Tontawan, Bright Vachirawit, Win Metawin, Dew Jirawat နဲ့ Nani Hirunkit တို့က အဓိကဇာတ်လိုက်တွေအဖြစ် ပါဝင်ရိုက်ကူးထားပါတယ်။ F4 ကားတွေရဲ့ ထုံးစံအတိုင်း လူကုံထံအသိုင်းအဝိုင်းရဲ့ ချောချောမောမော သူဌေးသား ၄ ယောက်နဲ့ သာမာန်လူတန်းစား ကောင်မလေးတို့ကြားက အဖြစ်အပျက်လေူပါပဲ။

November 3 ရက်နေ့မှာပဲ F4 Thailand ကို နိုဝင်ဘာလ (၂၀) ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်တဲ့အကြောင်း အတည်ပြုခဲ့တာကြောင့် သတင်းတွေအတိအကျထွက်လာခဲ့ပါတယ်။ F4 Thailand မှာတော့ ၄၅ မိနစ်ကြာ အပိုင်း (၁၆) ပိုင်းတိတိ ပါဝင်မှာဖြစ်ပြီး GMMTV ရဲ့ YouTube Channel အပြင် ရုပ်ရှင်ဇာတ်လမ်းများ စုံစည်းရာ VIU မှတဆင့် တရားဝင် ပြသသွားတော့မှာဖြစ်ပါတယ်။

Version ပေါင်းစုံထွက်ဖူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် အရင်ကနဲ့ ခံစားချက်မတူအောင် ကွဲထွက်သွားတဲ့အထိ ရိုက်ပြဖို့က တော်တော်လေး စိန်ခေါ်မှုများပါတယ်။ အဓိကဇာတ်လိုက် (၅) ယောက်က ဘယ်လိုမျိုး အသစ်တွေဖန်တီးရိုက်ကူးထားမလဲဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်နိုင်ပါပြီနော်။

Source: Thaidaily
Photos: Thaidaily
Translated by Ivy