Celebrity News

Siam Series Awards 2021 ရဲ့ ဆုရအနုပညာရှင်တွေထဲမှာ BL စုံတွဲတွေက ဆုအများအပြားရရှိခဲ့

Siam Series Awards 2021 ရဲ့ ဆုရရှိသူများစာရင်းကတော့ တရားဝင်ထွက်ပေါ်လာပါတယ်။ ဂဏ္ဍစုံလင်စွာနဲ့ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေကလည်း ဆုရရှိခဲ့ကြသလို BL စုံတွဲတွေကလည်း ဆုပေါင်းများစွာကို ရရှိခဲ့ကြပါတယ်။ ဒီနှစ်အတွက် ဆုရရှိခဲ့သူတွေက‌တော့ အောက်ပါအတိုင်းပါပဲ။

Pon Nawasch

“Praomook” ဇာတ်လမ်းနဲ့ ပွဲတိုင်းကျော်ခဲ့တဲ့ မင်းသားချော Pon Nawash ကတော့ ဒီနှစ်ရဲ့ “Beloved actor of Thailand Headlines & ManGu” ဆုကို ရယူထားနိုင်ခဲ့ပါတယ်။

Bua Nalinthip

မင်းသမီးချော Bua Nalinthip ကလည်း “Praomook” ဇာတ်လမ်းတွဲနဲ့ အားပေးမှုအများကြီး ရရှိခဲ့သူလေးပါ။ ဒီအတွက်ကြောင့် “Beloved actress of Thailand Headlines & ManGu” ဆုကို ရရှိခဲ့ပါတယ်။

Namfah Thunyaphat

“Mae Krua Kon Mai” ထဲက မင်းသမီးချောလေး Namfah Thunyaphat ကတော့ လက်ရှိနာမည်ကြီးနေသူလေးပါ။ သူမကတော့ “The Most Popular Actress” ဆုကို ရရှိခဲ့ပါတယ်။

Nanon Korapat

“The Most Popular Actor” ဆုကိုတော့ တက်သစ်စမင်းသားချောတစ်ဦးဖြစ်တဲ့ Nanon Korapat က ရရှိသွားခဲ့ပါတယ်။ “The Gifted: Graduation” နဲ့ ဆုရယူနိုင်ခဲ့တဲ့ မင်းသားလေးပါပဲ။

June Plearnpichaya

June Plearnpichaya က‌တော့ “Bad Genius The Series” ထဲက ခေါင်းဆောင်မင်းသမီးလေးပါ။ သူမကတော့ ဒီနှစ်ရဲ့ “The Best Actress” ဆုကို ရရှိခဲ့ပါတယ်။

Film Thanapat

“The Best Actor” ဆုကို သိမ်းပိုက်ရယူသွားသူကတော့ Film Thanapat ပါပဲ။ “Ruk Laek Pop” ဇာတ်လမ်းထဲက သူ့ရဲ့သရုပ်ဆောင်ချက်တွေက ဆုရဖို့ ထိုက်တန်နေခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ဆုရအနုပညာရှင်တွေကတော့..

The Gifted: Graduation (The Best Creative Drama Series)

Wanarat Ratsameerat (The Most Popular New Actor)

Khunpol Pongpol (The Most Popular New Actor)

Nene Pornnappan (The Most Popular New Actress)

August Vachiravit & Namfah Thunyaphat (Imaginary Couple award)

Billkin Puttipong & PP Krist (Imaginary Couple award)

Ohm Thitiwat & Fluke Natouch (Imaginary Couple award)

A Tale of Thousand Star (The Most Popular Drama Series)

Until We Meet Again
(The Most Popular Drama Series)

I Told Sunset About You
(The Most Popular Drama Series)

တို့ပဲ ဖြစ်ကြပါတယ်။

 

Source: Thaiupdate
Photos: Instagram
Translated by Ivy