Celebrity News

ကမ္ဘာ့ iTunes Chart တွေမှာ OST သီချင်းတစ်ပုဒ်တည်းနဲ့ စံချိန်တင်ခဲ့ပြန်တဲ့ BTS’s Jin

BTS အဖွဲ့ကတော့ သီချင်း တစ်ပုဒ်ထွက်ရင်ထွက်သလို ထိပ်ဆုံးမှာရပ်တည်ပြီး စံချိန်တင်နိုင်တဲ့ အနေအထားပါ။ အခုဆိုရင်လည်း Jin ဟာ tvN ဇာတ်လမ်းဖြစ်တဲ့ “Jirisan” အတွက် OST သီချင်းကို သီဆိုပေးခဲ့ပြီး ဒီသီချင်းကတော့ ကမ္ဘာ့သီချင်းစာရင်းများထဲမှာ ၂၀၂၁ အတွင်း စံချိန်တင်နိုင်ခဲ့တဲ့ Kpop Soloist သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပြန်ပါပြီ။

November 7 ရက်နေ့တုန်းကပဲ Jin ရဲ့ တကိုယ်တော်သီဆိုထားတဲ့ OST သီချင်း “Yours” ထွက်ရှိလာပြီး ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့အထိ ပရိသတ်တွေ နားဆင်ရင်း နှစ်သက်ကုန်ကြပါတယ်။ Jun Ji Hyun နဲ့ Joo Ji Hoon တို့ရဲ့ “Jirisan” ဇာတ်လမ်းဟာလည်း နဂိုကတည်းက လူကြည့်များနေတဲ့ဇာတ်လမ်းဖြစ်ရာ Jin ရဲ့ သီချင်းထွက်လာပြီးမှာတော့ ‌လုံးဝကို အဆင့်ထိုးတက်သွားခဲ့ပါတယ်။

OST သီချင်းထွက်ရှိပြီး သိပ်မကြာလိုက်ဘဲ ကမ္ဘာ့အသီးသီးက iTunes chart တွေရဲ့ ထိပ်ဆုံးနေရာတွေကို အပိုင်သိမ်းထားခဲ့တာပါ။ November 8 ရက်နေ့ မနက်အစောပိုင်းပိုင်းအထိ စစ်တမ်းအရ “Yours” သီချင်းဟာ အနည်းဆုံး နိုင်ငံပေါင်း ၈၂ နိုင်ငံရဲ့ iTunes Top Songs charts စာရင်းမှာ အဆင့် (၁) နေရာမှာ ရပ်တည်နေပါတယ်။

အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ‌မလေးရှား၊ အီတလီ၊ မက်ဆီကို၊ နော်ဝေ၊ ရုရှား၊ ထိုင်း၊ ဆွီဒန်၊ အာရပ်စော်ဘွားနိုင်ငံများ၊ ဖိလစ်ပိုင်နဲ့ အခြားသော နိုင်ငံတွေမှာပါ ၂၀၂၀၁ အတွင်း အဆင့် (၁) ချိတ်ဆွဲနေတဲ့ K-pop solo သီချင်းအဖြစ် စံချိန်တင်ထားခဲ့ပါပြီ။

Jin ရဲ့ ချိုမြတဲ့အသံလေးနဲ့ သီဆိုထားတဲ့ “Yours” သီချင်းဟာ နားဆင်ရင်း လွမ်းဆွေးမှုတွေကို ခံစာစစေပါတယ်။ နဂိုအလွမ်းဓာတ်ခံရှိသူတွေဆိုရင်တော့ Jin ရဲ့ သီချင်းကို နားဆင်ပြီး ရင်ထဲ လွမ်းမြေ့မြေ့ဖြစ်လာဦးမှာပါ။ “Yours” သီချင်းဟာ OST သီချင်းတွေအနက် အမြင့်ဆုံး စံချိန်တင်နိုင်ဦးမယ့် BTS အဖွဲ့ရဲ့ သီချင်းဖြစ်လာဦး‌မှာ သေချာပါတယ်။

Source: Soompi
Photos: Soompi
Translated by Ivy