Celebrity News

က​လေး ၂ ​​ယောက်ရပြီးတာ​တောင်မှ ကြင်စဦးလို လက်တွဲပြီး ဒိတ်ခဲ့ကြတဲ့ Rain နဲ့ Kim Tae Hee

Rain နဲ့ Kim Tae Hee တို့ဟာ ကိုရီးယားအနုပညာ​လောကထဲက လူတိုင်းအားကျရတဲ့ စံပြစုံတွဲဖြစ်ပါတယ်။ သူတို့ ချစ်သူ​တွေစဖြစ်တဲ့အချိန်ကစလို့ အခုအချိန်ထိဆိုရင် ၁၀ နှစ်​ကျော်ကြာ အတူ​ရှိ​နေခဲ့တာဖြစ်ပါတယ်။ ဒီ​လောက်ထိ နှစ်​တွေကြာတာ​တောင်မှ သူတို့ဟာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြဆဲဖြစ်ပြီးတယ်လို့ သူတို့ရဲ့ ကြည်နူးဖွယ် အခိုက်အတန့်တွေကိုလည်း ပရိသတ်​တွေက မကြာခဏ မြင်​တွေ့ရ​လေ့ရှိပါတယ်။

မကြာ​သေးခင်ကလည်း Rain နဲ့ Kim Tae Hee တို့ လူကြားထဲမှာ ဒိတ်​နေတဲ့ ပုံ​တွေဟာ အွန်လိုင်း​ပေါ် ပျံ့နှံ့ခဲ့ပြီး ပရိသတ်​တွေရဲ့ အသည်းနှလုံးကို အရည်​ပျော်​စေခဲ့ပါတယ်။ လမ်းသွားလမ်းလာ ပရိသတ်တစ်ဦးက ရိုက်ကူးမိခဲ့တဲ့ ပုံမှာဆိုရင် သူတို့ ၂ ဦးဟာ ကြင်ကြင်နာနာနဲ့ လက်တွဲပြီး လမ်း​​လျှောက်​နေတာကို ​တွေ့ရမှာဖြစ်ပါတယ်။ သူတို့ဟာ ဆယ်စုနှစ်တစ်ခုကြာ အတူရှိခဲ့ပြီး ချစ်စရာသမီး​လေး ၂ ​ယောက်ကိုလည်း ပိုင်ဆိုင်​နေပြီဆို​ပေမဲ့ ချစ်သူစဖြစ်တဲ့အချိန်ကလိုပဲ တစ်ဦးအ​ပေါ် တစ်ဦးရဲ့ အချစ်​တွေကို ပွင့်ပွင့်လင်းလင်း​ ပြသ​နေဆဲပါပဲ။

ဒီဓါတ်ပုံဟာ ​နောက်​ကျောက​နေပဲ ရိုက်ကူးမိထားတဲ့ ပုံဆို​ပေမဲ့လည်း Rain နဲ့ Kim Tae Hee တို့ရဲ့ အိမ်​​ထောင်​ရေးဟာ ဘယ်​လောက်ထိ သာယာ​ပျော်ရွှင်​နေလဲဆိုတာကို မြင်သာ​စေပါတယ်။ ဒီဓါတ်ပုံဟာဆိုရင် ပရိသတ်​တွေအတွက် သူတို့စုံတွဲ လက်ထပ်ပြီးခါစ ဟန်းနီးမွန်းသွားဖို့ ​လေဆိပ်ကို ​ရောက်ရှိလာစဉ် မီဒီယာ​တွေရိုက်ကူးခဲ့တဲ့ ဓါတ်ပုံကို ပြန်ပြီး အမှတ်ရ​စေခဲ့ပါတယ်။ ဒီ ၂ ပုံလုံးမှာ တစ်ဦးရဲ့လက်ကို တစ်ဦးက တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကို ​တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် ​နောက်ထပ်လမ်းသွားလမ်းလာ​တွေကလည်း Rain နဲ့ Kim Tae Hee တို့ ကြင်ကြင်နာနာ ဖက်ပြီး လမ်း​လျှေုာက်သွားတာကို အမိအရ ရိုက်ကူးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Rain ဟာ Kim Tae Hee ရဲ့ Instagram Post ​အောက်မှာ သူမကို အရမ်းလှ​ကြောင်း ချီးကျူးခဲ့ပြီး အသည်းပုံ emoji ၂၈ ခု​လောက်ထည့်ကာ မှတ်ချက်​ရေးခဲ့ပါ​သေးတယ်။ သူတို့ ၂ ဦးရဲ့ ​မ​ပြောင်းလဲတဲ့အချစ်နဲ့ ​ပျော်ရွှင်စရာ အိမ်​​ထောင်​ရေးဟာ တကယ့်ကို အတုယူ​လေးစားစရာပါပဲ။

Source : Kbizoom
Written : ZL