Celebrity News

ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေတက်တဲ့ ရုပ်ရှင်ဆုပေးပွဲကို Jung Ho Yeon နဲ့အတူ ပွဲတက်ခဲ့တဲ့ Jennie

Jennie လေးဟာ ပြီးခဲ့တဲ့အပတ်မှာ ကောက်ခါငင်ကာ Seoul ကနေ LA ကို ထွက်ခွါသွားခဲ့ပါတယ်။ သူမရဲ့ schedule တွေကို အတိအကျမသိရပေမဲ့ Jennie နဲ့ နီးစပ်ရာ အသိုင်းအဝိုင်းကနေ တင်ထားတဲ့ပုံတွေကြောင့် သူမဘာတွေလုပ်နေလည်းဆိုတာ ပရိတ်သတ်တွေ သိခွင့်ရခဲ့ပါတယ်။

Jennie ဟာ အားလုံးသိတဲ့အတိုင်း Western Celebrity အတော်များများနဲ့ခင်မင်ပါတယ်။ ဟိုးတစ်နှစ်က Ariana ရဲ့ Halloween Party ကို တက်ခဲ့ပြီး ဒီနှစ်မှာတော့ Kendall Jenner ရဲ့ Halloween Party မှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။

ပြီးတော့ Weekend နဲ့ လည်း အတူတူတွဲမြင်လိုက်ရပါသေးတယ်။ ထိုသတင်းကြောင့် Weekend နဲ့ collab song များလုပ်နေပြီလားလို့ ပရိတ်သတ်တွေက ထင်ကြေးပေးနေကြပါတယ်။ မနေ့က မနက်ပိုင်းမှာတော့ Jennie ဟာ Head in the clouds ဂီတပွဲတော်မှာခုန်ပေါက်မြူးထူးနေခဲ့ပါတယ်။

ညနေရောက်တော့ သူမရဲ့ အခင်ဆုံးသူငယ်ချင်း Jung Ho Yeon (Squid Game မင်းသမီး) နဲ့အတူ LACMA Art-Film Gala ပွဲကြီးကို တက်ရောက်ခဲ့ပါတယ်။ နှစ်ယောက်သား အမည်းရောင် ဂါဝန်ရှည်လေးနဲ့ ကော်ဇောနီထက်မှာ ထည်ဝါလှပနေခဲ့ပါတယ်။ Jennie ကတော့ ပုံမတင်သေးပေမဲ့ Jung Ho Yeon ကတော့ Instagram story မှာ ပုံတင်ထားပါတယ်။

Jennie ခုလို တက်ရောက်ခွင့်ရတဲ့ပွဲဟာ နယ်နယ်ရရတော့မဟုတ်ပါဖူး။ LA မှာကျင်းပတဲ့ ရုပ်ရှင်အနုပညာဆုပေးပွဲကြီးမို့ တကမ္ဘာလုံးက ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ တက်ကြတဲ့ပွဲပါ။ K ဘက်ကဆို မင်းသားကြီး Lee Byun Hyun , Squid Game ကားနဲ့ပိုပေါက်သွားတဲ့ ဝါရင့်မင်းသား Lee Jung Jae ၊ Top 10 စာရင်းဝင်မင်းသား Lee Minho အစရှိတဲ့ တကယ့် Great မင်းသားမင်းသမီးတွေ တက်ကြတဲ့ပွဲပါ။

ပရိတ်သတ်တွေကတော့ Jennie ကို ခုလို မင်းသမီး vibe နဲ့ တွေ့ခွင့်ရလိုက်တဲ့အတွက် နှစ်သက်သဘောကျနေကြပြီး BLACKPINK အဖွဲ့ဝင်ထဲမှာ Jisoo ပြီးရင် Jennie လည်း ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ခွင့်ရပါစေလို့ တောင်းဆုပြုနေကြပါတယ်။

Source: Koreaboo
Written: Violet