Celebrity News

Jennie လေးရဲ့ တသက်မမေ့နိုင်စရာ အောင်မြင်မှု အထိမ်းအမှတ် (၃) နှစ်ပြည့်

BLACKPINK အဖွဲ့ဝင် ၄ ယောက်ထဲမှာ Jennie လေးဟာ Soloist အဖြစ် အရင်ဦးဆုံး တကိုယ်တော် album နဲ့ ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ အခွေနာမည်က “Solo” ဖြစ်ပြီး ထိုသီချင်းတစ်ပုဒ်နဲ့တင် Jennie ဟာ music show တွေမှာ အများကြီး win ခဲ့ပါတယ်။ဒါ့အပြင် နှစ်ကုန်ဆုပေးပွဲမှာ ဆုတွေ ထိုက်ထိုက်တန်တန်ရခဲ့ပါသေးတယ်။

အဆိုပါ album ကို 2018 ခုနှစ် November လ 12 ရက်နေ့မှာ စ ဖြန့်ချီခဲ့တာမို့ ဒီနှစ်ဆို 3 နှစ်တောင်ပြည့်သွားပါပြီ။ YouTube viewers ဟာ 750 million တောင်ရှိနေပြီ ဖြစ်ပြီး 1 billion viewers ပြည့်ဖို့ ဘယ်လောက်မှ မလိုတော့ပါဖူး။

3 နှစ်တောင်ကြာသွားလည်း ထိုသီချင်းဟာ ခေတ်စားနေဆဲဖြစ်ပြီး ပရိတ်သတ်တွေက နှစ်တိုင်း ဂုဏ်ပြုပေးနေပါတယ်။ Jennie ဆိုလည်း သူမဘဝရဲ့ ပထမဆုံး တကိုယ်တော်အောင်မြင်မှုကို အရမ်းတန်ဖိုးထားပါတယ်။ Music show တွေမှာ ဖျော်ဖြေတုန်းကဆို လာရောက်အားပေးတဲ့ ပရိသတ် 700 ကျော်ကို သူမကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ထားတဲ့ “Hera” အမှတ်တံဆိပ် make up တွေ လက်ဆောင်ပေးခဲ့ပါတယ်။

ဒီနှစ်မှာတော့ Jennie ဟာ တခါမှထုတ်မပြဖူးတဲ့ “Solo” MTV ရိုက်တုန်းက ပုံတွေကို Instagram မှာ ခုလို caption နဲ့ တင်ခဲ့ပါတယ်။

“အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့နေ့လေး တစ်နေ့ပါဘဲ။ ကျွန်မရဲ့ solo က ကျွန်မကို တောက်ပအောင်လုပ်ပေးတာ ၃ နှစ်တောင်ရှိသွားပြီးဘဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဂုဏ်ပြုပါတယ် Jennie လေးရေ။ အမြဲတောက်ပနိုင်ပြီး နောက်ထပ်သီချင်းတွေအများကြီး ထုတ်နိုင်ဖို့လည်း ဆုတောင်းအားပေးနေပါတယ်။

Source: Koreaboo
Written: Violet
Photo credit: Jennie IG acc