Celebrity News

ဆောင်းတွင်းကြီးမှာ Musical ကို လာအားပေးတဲ့ပရိတ်သတ်တွေအတွက် အချမ်းပြေ coffee တိုက်ခဲ့တဲ့ Chanyeol

EXO အဖွဲ့ဝင် Chanyeol လေးကတော့ လူကောင်ကြီးပေမဲ့ စိတ်ထားအရမ်းနူးညံ့သူလေးပါ။ Fan တွေအတွက်ဆို အမြဲစဉ်းစားပေးပြီး အထူးသဖြင့် EXO L တွေကို မြတ်နိုးတန်ဖိုးထားတဲ့သူပါ။EXO L တွေရဲ့ မွေးနေ့ “L-1485”ကို လက်မှာ တက်တူးထိုးထားတဲ့အထိပါဘဲ။

စိတ်ထားကောင်းတဲ့ ဒီကောင်လေးကို fan ​တွေကလည်း အရမ်းချစ်ကြပါတယ်။ ခုဆို Chanyeol က စစ်မှုထမ်းနေရပါတယ်။ ဘယ်နေရာမှာမဆို ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီး အလုပ်အရမ်းအကြိုးစားတဲ့ Chanyeol ဟာ တပ်ထဲမှာလည်း တော်လွန်းလို့ အထူးတပ်သားအဖြစ် ခန့်အပ်ခြင်းခံရပြီး စစ်တပ်ကကြီးမှူး ကျင်းပတဲ့ Musical ပြဇတ်မှာလည်း ဇာတ်လိုက်အဖြစ် ရွေးချယ်ခြင်းခံရပါတယ်။

Chanyeol ဟာ ဒီ musical ကို အရင်လထဲက offline ရော online ရော ကပြဖျော်ဖြေနေရတာဖြစ်ပြီး ကြည့်ရှူသူပရိတ်သတ်တွေကလည်း မနည်းမနောပါဘဲ။ EXO L တွေဆို Chanyeol အတွက် coffee truck တွေ food truck တွေပါပို့ပြီး support ခဲ့ကြပါတယ်။

သူ့ကို အားပေးတဲ့ fan တွေကို Chanyeol ကလည်း ပြန်ကျေးဇူးဆပ်ခဲ့ပါတယ်။ ဒီကနေ့ ဖျော်ဖြေရမဲ့ ပြဇာတ်ရုံရှေ့မှာ fan တွေသောက်ဖို့ coffee truck စီစဉ်​ပေးထားပြီး banner မှာ ခုလိုရေးထားပါတယ်။ “ဒီနေ့ ကောင်းကောင်း လာကြည့်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ Coffee ကောင်းကောင်း သုံးဆောင်ကြပါ။ ဒီနေ့လည်း Show ကို ပျော်ပျော်ရွှင်ရွှင် ကြည့်သွားကြပါအုံး ခင်ဗျာ…Laman fighting♡”

Fan နဲ့ idol ကတော့ လိုက်ဖက်ချက်ပါဘဲနော်။ Fan တွေကလည်း ကိုယ့် idol ကြိုးစားအားထာတ်ထားတာကို သေချာလာအားပေးကြတယ်။ Idol ကလည်း ချမ်းအေးလှတဲ့ဆောင်းတွင်းမှာ အချမ်းပြေ ကော်ဖီလေးသောက်ရင်း ပြဇာတ်ကြည့်လို့ရအောင် စီစဉ်ပေးထားတယ်။ တကယ့်ကြည်နူးစရာ နေ့ရက်လေးပါဘဲ။

Source: Twitter
Written: Violet
Photo Credit: Twitter