Celebrity News

နား​ထောင်လို့ မဝ​လောက်​အောင် မြန်မာလိုပီပီသသ နှုတ်ဆက်ခဲ့တဲ့ အာရှ prince ​လေး Lee Kwang Soo

ကမ္ဘာတစ်လွှားက ပရိသတ်​တွေရဲ့ အချစ်ကို အစဉ်တစိုက် လက်ခံရရှိလာခဲ့ပြီး “အာရှမင်းသား​လေး” လို့ လူသိများကြတဲ့ Lee Kwang Soo ဟာ မကြာ​သေးခင်က ၂၀၂၁-၂၀၂၂ ခုနှစ် ကိုရီးယား-မဲ​ခေါင် ယဉ်က​ေျးမှုဖလှယ်ပွဲအတွက် အသိပညာမြှင့်တင်​ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ မဲ​​ခေါင်​မြစ်ဝှမ်းဒေသဟာဆိုရင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ်​ဘောဒီးယားစတဲ့ အ​ရှေ့​တောင်အာရှ နိုင်ငံ ၅ နိုင်ငံပါဝင်ပါတယ်။ ဒီပွဲအတွက် အသိပညာ​ပေးဗီဒီယိုကိုလည်း ​တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်​နေ့မှာ ပရိသတ်​တွေထံ မျှ​ဝေခဲ့ပါတယ်။

ထိုဗီဒီယိုထဲမှာ Lee Kwang Soo က ကိုရီးယားဘာသာစကားအပါအဝင် အထက်ပါ နိုင်ငံ ၅ နိုင်ငံရဲ့ ဘာသာစကား​တွေနဲ့ ဦးစွာ နှုတ်ခွန်းဆက်သခဲ့ပါတယ်။ မြန်မာပြည်က ပရိသတ်​တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Lee Kwang Soo ဟာ “မင်္ဂလာပါ” ဆိုပြီး​တော့ မြန်မာလို ပီပီသသနှုတ်ဆက်သွားခဲ့တာကိုလည်း အံ့အားသင့်ဖွယ် ကြားရမှာဖြစ်ပါတယ်။ အဲ့ဒီ​​နောက်မှာ​တော့ “ကိုရီးယား-မဲ​ခေါင် ကိုရီးယား-မဲ​ခေါင် ယဉ်က​ေျးမှုဖလှယ်ပွဲအတွက် အသိပညာမြှင့်တင်​ရေး ကိုယ်စားလှယ် Lee Kwang Soo ဖြစ်ပါတယ်” လို့ ကိုယ့်ကိုယ်ကို မိတ်ဆက်ခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အ​ရှေ့​တောင်အာရှမှာ တည်ရှိပြီး ကမ္ဘာ​ပေါ်မှာ ၁၂ ခု​မြောက်အ​နေနဲ့ အရှည်လျားဆုံးဖြစ်တဲ့ မဲ​ခေါင်မြစ်ဟာ ကမ်​ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ကို ဆက်သွယ်စီးဆင်း​နေပါတယ်။ ၂၀၁၁ ခုနှစ်က ကိုရီးယား-မဲ​​ခေါင် နိုင်ငံခြား​ရေးဝန်ကြီးများ​ညီလာခံက​နေ စတင်ခဲ့တဲ့ မဲ​ခေါင်​ဒေသ ၅ နိုင်ငံနဲ့ ဆက်ဆံ​ရေးဟာ ယခုနှစ်ဆို ၁၀ နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်” ဆိုပြီး အသိ​ပေး ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် “နီးကပ်တဲ့ အသိပညာဖလှယ်မှုနဲ့ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေကို အ​ခြေတည်ပြီး ကိုရီးယားနဲ့ မဲ​ခေါင်​ဒေသရဲ့ အကွာအ​ဝေးဟာ တစ်ဆင့်ပိုပြီး နီးစပ်လာပြီဖြစ်ပါတယ်။

ဒီအထိမ်းအမှတ်အတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ကိုရီးယား-မဲ​ခေါင် ၅ နိုင်ငံမှာ ဓါတ်ပုံပြိုင်ပွဲ၊ ပြပွဲ၊ ကိုရီးယားစကား​ပြောစွမ်းရည်ပြိုင်ပွဲ၊ အနုပညာ​ဖျော်​ဖြေပွဲ၊ အလုပ်ရုံ​ဆွေး​နွေးပွဲအပြင် အမျိုးမျိုး​သော ပွဲ​တွေကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ​အသိ​ပေးပြောကြားထားပါတယ်။ သူကိုယ်တိုင်ကလည်း မဲ​ခေါင်​ဒေသနိုင်ငံ​အချို့ကို အကြိမ်ကြိမ် သွား​ရောက်လည်ပတ်ခဲ့ပြီး ​ကျေးဇူးတင်စရာ​ကောင်းစွာပဲ မဲ​ခေါင်​​ဒေသက ပရိသတ်​တွေဆီက​နေ များစွာ​သော အချစ်​တွေကို လက်ခံရရှိခဲ့တယ်လို့ Lee Kwang Soo က ဆိုပါတယ်။

​နောက်ဆုံးအ​နေနဲ့ Lee Kwang Soo က “ဒီအတွက်​ကြောင့် ကိုရီးယား-မဲ​ခေါင် ယဉ်က​ေျးမှုဖလှယ်ပွဲအတွက် အသိပညာမြှင့်တင်​ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာ​ကြောင့် အ​​လေးအနက် အဓိပ္ပါယ်ရှိသလို ခံစားရပါတယ်။ ​ရှေ့​လျှောက်လည်း ကိုရီးယား-မဲ​ခေါင်​ဒေသ ချစ်ကြည်​ရေးကို ပိုမိုကျယ်ပြန့်​စေဖို့ ကြိုးစားသွားပါမယ်။ ကိုရီးယား-မဲ​ခေါင် နိုင်ငံ ၆ နိုင်ငံက ပြည်သူလူထု​တွေကလည်း ဒီတစ်​​ခေါက် ယဉ်က​ေျးမှုနဲ့ အသိပညာဖလှယ်ပွဲက ပိုသက်ဝင်လှုပ်ရှားပြီး အဓိပ္ပါယ်ရှိ​​စေဖို့ စိတ်ဝင်တစားနဲ့ အား​ပေးကြဖို့ ​မေတ္တာရပ်ခံချင်ပါတယ်။ အသိပညာမြှင့်တင်​ရေး ကိုယ်စားလှယ် Lee Kwang Soo ကလည်း အတူအား​ပေး​နေပါမယ်” လို့​ ပြောကြားကာ ဗီဒီယိုကို အဆုံးသတ်ထားပါတယ်။

Source : Ministry of Foreign Affairs, Korea
Photo : Ministry of Foreign Affairs, Korea
Written : ZL