Celebrity News

Knowing Bro အစီအစဉ်မှာ အတူတွဲတွေ့ရတော့မဲ့ မင်းသား Lee Seung Gi နဲ့ EXO အဖွဲ့ဝင် Kai

ဒီနေ့ November လ 16 ရက်နေ့မှာ Korea သတင်းဌာနတွေဟာ EXO အဖွဲ့ဝင် Kai နဲ့ မင်းသား Lee Seung Gi တို့ဟာ JTBC ရဲ့ “Knowing Brothers” အစီအစဉ်မှာ Guest အဖြစ်ပါသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Kai ဟာ လတ်တလောမှာ သူ့ရဲ့ ဒုတိယမြောက် solo album “Peaches” ထွက်ရှိဖို့ ပြင်ဆင်နေတာဖြစ်ပြီး promotion ဆင်းတဲ့အနေနဲ့ ဒီအစီအစဉ်ကို သွားတာဖြစ်ပါလိမ့်မယ်။ Kai ဟာ ဒီအစီအစဉ်ကိုမသွားတာ 2 နှစ်လောက်ကြာနေပါပြီ။ သူ သွားခဲ့တဲ့အခေါက်တိုင်း ရီရတဲ့ moment တွေထွက်ခဲ့တာမို့ ခုတခေါက်မှာလည်း ဘယ်လို iconic moment တွေ ထွက်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

မင်းသား Lee Seung Gi ကတော့ “Mouse” ကားနဲ့ ဒီနှစ်အစပိုင်းမှာ အားပေးမှုတွေအများကြီးရရှိခဲ့ပါတယ်။ Variety program show တော်တော်များများမှာလည်း ပါဖူးတာမို့ ခုတခေါက် show မှာ Kai နဲ့ အတွဲညီညီတင်ဆက်နိုင်မှာ အသေအချာပါဘဲ။ ပြီးတော့ Lee Seung Gi ဟာ Knowing Bro program က ပင်တိုင် host တွေဖြစ်တဲ့ “Lee Soo Geun” “Kang Ho Dong” နဲ့လည်း ရင်းနှီးပါသေးတယ်။

Kai နဲ့ Lee Seung Gi တို့ပါတဲ့အပိုင်းဟာ November လ 20 ရက်နေ့ 8:40 PM (KST) မှာ ထုတ်လွှင့်သွားမှာပါ။ စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော် ပရိတ်သတ်ကြီးရေ ….

Source: Allkpop
Written: Violet