Celebrity News

Yang Zi နဲ့ စာချုပ်ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ရှယ်ယာဈေးတွေ ကျဆင်းသွားခဲ့တဲ့ Huanrui Entertainment

ချိုင်းနားရဲ့ ထိပ်တန်းမငိးသမီးချော Yang Zi ဟာ Huanrui Entertainment နဲ့ (၆) နှစ်ကြာ လက်တွဲခဲ့ ပြီးတဲ့နောက်မှာ Entertainment ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ သူမရဲ့ ထွက်ခွာမှုကို တရားဝင် ကြေညာပြီး မကြာခင်မှာပဲ Huanrui ရဲ့ ရှယ်ယာဈေးနှုန်းတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ Yang Zi က Weibo မှာလည်း ကျေးဇူးတင်စာ တစ်စောင်ကို တင်ခဲ့ပြီး သူမရဲ့ သိတတ်မှုကို ပြသခဲ့ပါတယ်။

ယင်းမတိုင်မီတည်းက Yang Zi ရဲ့ Huanrui Entertainment မှ ထွက်ခွာခြင်းကို ရင်းနှီးမြှုပ်နှံသူများ အာရုံစိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။ Shenzhen စတော့အိတ်ချိန်းရဲ့ ရင်းနှီးမြှုပ်နှံသူအမေးအဖြေ ကဏ္ဍအတွင်း ထိပ်တန်းအနုပညာရှင်များအား စာချုပ်များ ချုပ်ဆိုခြင်းနှင့် နိုဝင်ဘာလကတည်းက စာချုပ်သက်တမ်းကုန်ဆုံးသည့် ကိစ္စရပ်နှစ်ခုကို တိုင်ပင်ဆွေးနွေးမှုများရှိခဲ့ပါတယ်။

Yang Zi, Ren Jialun နဲ့ အခြားသူများအပါအဝင် အနုပညာရှင်များဟာ all-inclusive artist တွေ ဟုတ်မဟုတ်ကို မေးမြန်းတဲ့အခါမှာ Huanrui Entertainment က ကုမ္ပဏီရဲ့ အနုပညာရှင် အများစုဟာ all-inclusive artist တွေဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ Huanrui Entertainment ရဲ့ နှစ်လယ်ပိုင်း အစီရင်ခံစာအရ အနုပညာရှင် စီးပွားရေးအကျိုးဆောင်ခြင်းဟာ ဝင်ငွေ ယွမ်သန်း (၅၀) ထက် မကျော်လွန်တဲ့ ၎င်းတို့ရဲ့ အမြတ်အစွန်းအရှိဆုံး လုပ်ငန်းဖြစ်ကြောင်း သိရပါတယ်။

ပြင်ပလောက မှာ Yang Zi လို့ သတ်မှတ်ခံရတဲ့ အနုပညာရှင် နံပါတ် (၁) ဟာ ၀င်ငွေရဲ့ (၃၀) ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်ဆိုတဲ့ မှတ်သားစရာတစ်ခုကိုလည်း သိရှိခဲ့ပါတယ်။ ဒီအကြောင်းအရင်းကြောင့်ပဲ Yang Zi ရဲ့ စာချုပ်မှ ရပ်စဲကြောင်း ကြေငြာမှု ပြီးတဲ့နောက်မှာ Huanrui Entertainment ရဲ့ ရှယ်ယာစျေးနှုန်းဟာ (၄) ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ထိပ်တန်းသရုပ်ဆောင် တစ်ယောက်ကို အောင်မြင်မှု တန်ဖိုးက Entertainment ရဲ့ အရာတိုင်းကို သက်ရောက်နေတယ်ဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu