Celebrity News

နိုင်ငံရပ်ခြား အနုပညာလှုပ်ရှားမှုအချို့အတွက် ​လော့အိဂျလိစ်မြို့ကို ထွက်ခွာသွားပြီဖြစ်တဲ့ BTS အဖွဲ့

ကမ္ဘာကျော် K-Pop ​ယောကျ်ား​​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ နိုဝင်ဘာလ ၁၇ ရက်​နေ့ မနက်ပိုင်းမှာ အ​မေရိကန်နိုင်ငံ၊ ​လော့စ်အိဂျလိစ်မြို့ကို ထွက်ခွာဖို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာ​လေဆိပ်ကို ​ရောက်ရှိလာခဲ့ပါတယ်။ သူတို့ဟာ အနုပညာလှုပ်ရှားမှု​တွေအတွက် အ​မေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့တာပါ။ ​လေဆိပ်မှာ BTS ကို ​တွေ့ဖို့လာတဲ့ ပရိသတ်​တွေ၊ သတင်း​​ထောက်​တွေနဲ့ ပြည့်နှက်​နေခဲ့ပြီး အဖွဲ့ဝင်​တွေကလည်း ​အမိုက်စား ဆောင်းရာသီဖက်ရှင်​တွေကို ဝတ်စားဆင်ယင်ကာ ​ရောက်ရှိလာခဲ့ပါတယ်။

​ယခုအခါ ​တောင်ကိုရီးယားမှာ ရာသီဥတုက အ​တော်​လေး​အေးလာပြီး ဖြစ်တာ​ကြောင့် BTS အဖွဲ့ဝင်​တွေဟာ ကုတ်အင်္ကျီ၊ ဂျာကင်စတဲ့ အ​ပေါ်ထပ်​အင်္ကျီ​တွေအပြင် ​ခေါင်းစွပ်ဦးထုပ်၊ မာဖလာ​တွေကိုလည်း ဝတ်ဆင်ထားတာကို ​တွေ့ရပါတယ်။ ​အဲ့ဒီ​နောက် မကြာမီမှာပဲ အဖွဲ့ဝင်​တွေဟာ ​လေယာဉ်​ပေါ်မှာ ရိုက်ထားတဲ့ဓါတ်ပုံ​တွေကို Weverse မှာ မျှ​ဝေခဲ့ပါတယ်။

ယမန်​နေ့ကလည်း BTS အဖွဲ့ဝင် J-Hope ဟာ LA ​ရောက်ရင် သူလုပ်ချင်တဲ့အရာတွေနဲ့ အစီအစဉ် တချို့ကို ​Weverse မှာ ပြောပြခဲ့ပါ​သေးတယ်။ BTS အဖွဲ့ဝင်​တွေဟာ အ​မေရိကန်နိုင်ငံမှာ လုပ်စရာ​တွေ အပြည့်ဖြစ်​နေ​တာဖြစ်ပါတယ်။ သူတို့ဟာ အဲ့ဒီမှှာ concert ၄ ခုကို ပြုလုပ်သွားမှာဖြစ်ပြီး The Late Late Show with James Corden အစီအစဉ်မှာ ပါဝင်ရိုက်ကူးသွားမှာဖြစ်သလို ၂၀၂၁ ခု​နှစ် American Music Awards မှာလည်း ​ဖျော်​ဖြေသွားမှာဖြစ်ပါတယ်။ ဒါ​တွေအပြင် ထုတ်​ဖော်မ​ပြောကြားထားတဲ့ အလုပ်ကိစ္စ​တွေလည်း ရှိဦးမှာပါ။

ARMY ​တွေက Weverse မှာ J-Hope ကို ​LA ကိုရောက်ရင် အလုပ်ချင်ဆုံးအရာကဘာလဲလို့ ​မေးမြန်းခဲ့ရာမှာ​တော့ “Shopping?” ဆိုပြီး ပြန်​ဖြေခဲ့ပါတယ်။ ဒါ​ပေမဲ့ J-Hope တစ်​ယောက် အ​မျှော်လင့်ဆုံးအရာက​တော့ concert ပါပဲ။ ARMY ​တွေအ​နေနဲ့ BTS ကို နှစ်အ​တော်ကြာမှ လူကိုယ်တိုင်​တွေ့ခွင့်ရမှာဖြစ်သလို BTS အတွက်လည်း ARMY ​တွေကို ​တွေ့ခွင့်ရမယ့် အခွင့်အ​ရေးဖြစ်​နေလို့ပါပဲ။

တကယ်​တော့ concert တင်မကပဲ အ​မေရိကန်နိုင်ငံမှာ မြင်​တွေ့ရမယ့် BTS အဖွဲ့ဝင်​တွေရဲ့ လှုပ်ရှားမှုတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ သူတို့ဟာ အ​မေရိကန်နိုင်ငံမှာ ရက်​သတ္တပတ်အ​တော်ကြာ ​နေထိုင်ရမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ အ​စောပိုင်း​လောက်မှသာ အမိ​မြေကို ပြန်လာကြလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါ​ကြောင့် ဒီအ​တောအတွင်းမှာ အဖွဲ့ဝင်​တွေအားလုံး ကျန်းကျန်းမာမာ ​ပျော်​ပျော်ရွှင်ရွှင်နဲ့ လှုပ်ရှားမှု​တွေကို လုပ်​ဆောင်နိုင်ဖို့ ​မျှော်လင့်ပါတယ်။

Source : Koreaboo,
Photo : Twitter
Written : ZL