Celebrity News

ပင်လယ်လေကို ဆန့်ကျင်ပြီး ရင်သပ်ရှုမောဖွယ် အသွင်အပြင်နဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့သူ မင်းသမီးချော Dilireba

နှစ်စဉ်နှစ်တိုင်းရဲ့ အဆုံးသတ်အချိန်တွေဟာ ဖက်ရှင်စက်ဝိုင်းရဲ့ အထွတ်အထိပ် ရာသီလို့ ဆိုနိုင်ပြီး ကုမ္ပဏီကြီးများနဲ့ မဂ္ဂဇင်းကြီးများက ခမ်းနားတဲ့ ပွဲအခမ်းအနားတွေကို ကျင်းပလေ့ ရှိကြပါတယ်။ မကြာသေးမီကပဲ ခမ်းနားကြီးကျယ်လှတဲ့ GQ နှစ်ပတ်လည် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

GQ ရဲ့ ပွဲအခမ်းအနားကိုတော့ ပုံမှန်နဲ့မတူ တမူထူးခြားစွာပဲ ကမ်းခြေမှာ ကော်ဇောနီခင်းပြီး မင်္ဂလာပွဲကဲ့သို့ အလှဆင်ကာ နာမည်ကြီးများစွာ နဲ့အတူ ဧည့်သည် (၅၆) ဦးနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ GQ ပွဲအခမ်းအနားရဲ့ အလှပဂေးတွေ များစွာထဲကမှ မင်းသမီးချော Dilireba ရဲ့ စင်မြင့်ပေါ်က အံ့မခန်း Seaside Catwalk အရည်အချင်းတွေဟာ ပရိတ်သတ်တွေရဲ့ ရင်ထဲကို စွဲထင်ကျန်စေခဲ့တဲ့ အမှတ်တရတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

Dilireba ဟာ အရှေ့တောင်အာရှ စတိုင်အပြည့်နဲ့ ပန်းပွင့်တွေကို အသက်ဝင်စွာ စီခြယ်ထားတဲ့ ဂါဝန်ကို ဝတ်ဆင်ထားပြီး စူးရှသန်မာတဲ့ အကြည့်တွေနဲ့ မျက်နှာအနေအထားကလည်း ထူးခြားဆန်းပြားတဲ့ ပုံစံကို ပိုမိုလျော်ညီမှု ရှိစေခဲ့ပါတယ်။ ၎င်းအပြင် ခိုင်မြဲစွာ ချည်နှောင်ထားတဲ့ ဆံပင်ပုံစံရဲ့ အလှကလည်း ပင်လယ်လေရဲ့ အရိုင်းဆန်မှုကို တွန်းလှန်တုံ့ပြန်နိုင်ခဲ့သလို freckles မိတ်ကပ်ကလည်း အမြင်တစ်မျိုးနဲ့ သစ်လွင်လှပမှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

​Dilireba ရဲ့ လျှောက်လမ်းတလျှောက်မှာ ပင်လယ်လေက အလှလေးကို မနာလိုဖြစ်နေပုံရပြီး ပန်းတွေအပြည့်နဲ့ ဂါဝန်ရှည်ကို အဆက်မပြတ် လွင့်နေစေပါတယ်။ သိုပေမယ့် ကျေနပ်မှုတွေအပြည့်နဲ့ လျှောက်လှမ်းလာတဲ့ သူမရဲ့ ခြေလှမ်းတွေဟာလည်း အလွန်ကို ယုံကြည်မှုရှိရှိနဲ့ အသက်ဝင်နေပါတယ်။ ခြေလှမ်းတိုင်းမှာ ကိုယ်ဟန်အနေအထားကို အဆက်မပြတ် ပြောင်းလဲကာ သူမရဲ့ တင့်တယ်မှုကို မြင်သာစေခဲ့ပြီး ကော်ဇောနီ ဘုရင်မရဲ့ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Tencent
Photos : Tencent