Celebrity News

နေရောင်ခြည်လိုနွေးထွေးတဲ့ အဝါရောင်နဲ့လည်း လိုက်ဖက်နေပြန်တဲ့ Jennie

BLACKPINK အဖွဲ့ဝင် Jennie လေးကတော့ 21 ရာစုရဲ့ Trendsetter Queen ပါဘဲ။ ဘာလေးဝတ်ဝတ် သူများတွေလိုက်ဝတ်ချင်လာအောင် ဆွဲဆောင်မှုဗို့အားပြင်းပါတယ်။ သူမ ဝတ်တဲ့ outfit တွေ၊ accessories တွေဆိုတာလည်း ခဏလေးနဲ့ sold out ကုန်တဲ့အထိပါ။ အရောင်တွေထဲမှာအဝါရောင်ဆိုတာ လူတိုင်းလိုက်မဝတ်ရဲတဲ့အရောင်ပါနော်။ ဒါပေမဲ့လည်း ထိုအရောင်ကို Jennie လေး ခုတလော ဝတ်နေတဲ့အတွက် အဝါရောင်ဟာ ခေတ်စားလာစပြုနေပါပြီ။

Jennie ရဲ့ November 13 ရက်နေ့မှာ တင်ခဲ့တဲ့အဝါရောင် outfit နဲ့ ပုံဆို like ပေါင်း 8 million ချီရခဲ့ပါတယ်။ သူမရဲ့Fan တွေနဲ့ Fashion စိတ်ဝင်စားတဲ့သူတွေက Jennie အဝါရောင်ဝတ်ထားတဲ့ တခြားပုံတွေကို ပြန်ရှာဖွေကာ သူမလိုမျိုး ဘယ်လိုလေးတွဲစပ်ဝတ်ရင်ကောင်းမလည်း စဉ်းစားနေကြပါတယ်။ Asia Cele Bar ပရိတ်သတ်ကြီးလည်း ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

1. Baby chick 

California နေရောင်ခြည်နုနုအောက်မှာ ရိုက်ထားတဲ့ ဒီပုံလေးမှာ Jennie ရဲ့ natural beauty, Outfit နဲ့ location လိုက်ဖက်မှုကို
မြင်ရမှာပါ။

2. Running Man

Running man သွားတုန်းက Jennie တ်ို့ဟာ အဝါရောင် hoodie တွေဝတ်ခဲ့ရပါတယ်။ oversized hoodie မို့ နဂိုထဲကအကောင်သေးတဲ့ Jennie ကျတော့ မြှပ်နေပြီး ကောက်ချီချင်စရာကောင်းအောင် ချစ်ဖို့ကောင်းနေချက်ပါဘဲ။

3. Neon

Background နဲ့ Jennie ရဲ့ outfit ဟာ perfect matching ဖြစ်သွားပါတယ်။ ဟန်ဆောင်မှုကင်းစွာ ပြုံးနေတဲ့ ဒီပုံလေးကို Jisoo က ရိုက်ပေးထားတာပါ။

4. Fancy yellow

ဓာတ်ပုံက နည်းနည်းမှောင်နေပေမဲ့လည်း classic ပုံစံဝတ်ထားတာလေးက ပုံမှာ အထင်းသားပါဘဲ။ outfit နဲ့ လိုက်အောင် ဆံပင်အမြင့်လေးစီးထားတာက ပိုလှသွားစေပါတယ်။

5. Classic yellow

ဒီ outfit လေးကတော့ မိန်းကလေးဆန်ဆန် အပွင့်တွေအခက်တွေ အတွန့်တွေနဲ့ပါ။ အဝါရောင်နုလေး မို့ ကဗျာဆန်ဆန်ပိုလှနေပါတယ်။

6. As if! we could forget this yellow look

ဒီ outfit လေးနဲ့ ပုံကိုလည်း ကျော်သွားလို့မရပါဖူး။ အဝါရောင်ကို Jennie ရဲ့ style အထက်တန်းဆန်တဲ့ မမလေးပုံစံလို ဝတ်ထားပါတယ်။

7. Pretty Savage

ဝတ်စုံဒီဇိုင်းက ဆန်းလည်းဆန်းသလို Jennie ရဲ့ ကိုယ်လုံးလေးနဲ့ ကွက်တိပါဘဲ။ ဒီ outfit လေးနဲ့ ကခဲ့တဲ့ stage video ဟာ hit ဖြစ်ခဲ့ပါတယ်။

8. Black and yellow

ဘာနဲ့ ဝတ်ဝတ်လိုက်တဲ့ အမည်းနဲ့ အဝါရောင်ကို တွဲစပ်ဝတ်ဖူးခဲ့ပါတယ်။ ထူးခြားတာက အပေအတေမခံနိုင်တဲ့ အရောင်နုကို အောက်ပိုင်း skirt မှာသုံးထားတာပါ။

9. yellow hair??

အဝါရောင် ဆံပင်နဲ့လည်း Jennie ဟာ ဘိုဆန်ဆန်လှခဲ့ဖူးပါတယ်။ “Kill This Love” MV ထဲမှာ ထိုအရောင်ဆိုးခဲ့တာဖြစ်ပြီး အားလုံးကို jaw drop ဖြစ်စေခဲ့ပါတယ်။

10. CHANEL baby

သူမဘဝရဲ့ အမှတ်တရ ပန်းတိုင် “SOLO” stage မှာလည်း အထက်အောက် အဝါရောင် ဝမ်းဆက် outfit လေးနဲ့ ဖျော်ဖြေခဲ့ဖူးပါတယ်။

Jennie ကတော့ အဝါရောင်နဲ့ ထပ်လမ်းဖောက်လိုက်ပါပြီနော်။ နောက်ထပ်ကော ဘယ်အရောင်တွေကို ထူးခြားအောင်ဝတ်ပြမလဲဆိုတာ စောင့်မျှော်နေပါပြီ။

Source: Koreaboo
Photo credit: Jennie Instagram
Written: Violet