Celebrity News

Joy ရဲ့ drama အသစ်ရိုက်ကူးမှုကို ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြတဲ့ Red Velvet အဖွဲ့ဝင်​များ

နိုဝင်ဘာလ ၁၈ ရက်​နေ့ မ​နေ့က အခြား​သော Red Velvet အဖွဲ့ဝင်​​တွေဟာ Joy ရဲ့ drama အသစ်ရိုက်ကူးမှုကို ဂုဏ်ပြုတဲ့အ​နေနဲ့ ရိုက်ကွင်းကို coffee truck နဲ့ snack truck ​တွေ ပို့​ပေးခဲ့ပါတယ်။ အဲ့ဒီ​နေ့မှာပဲ Joy ဟာ သူမရဲ့ Instagram က​နေ ထို coffee truck ​​တွေရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံတစ်ချို့ကို “ငါတို့ Red Velvet က အ​ကောင်းဆုံးပဲ။ ချစ်တယ်။ အားတက်သွားပြီ” ဆိုတဲ့ caption နဲ့အတူ မျှ​ဝေခဲ့ပါတယ်။ ဓါတ်ပုံ​တွေထဲမှာ သူမဟာ ပြုံးရွှင်စွာနဲ့ ပို့စ်​ပေး​​နေတာကို ​တွေ့ရမှာဖြစ်ပြီး ဗီဒီယိုတစ်ခုထဲမှာဆိုရင် လည်း ​ပျော်ရွှင်စွာ ရယ်​​မောရင်း လက်​ဆောင်ပို့​ပေးလိုက်တဲ့ အဖွဲ့ဝင်​တွေကို အသည်းပုံ​လေးလုပ်ပြကာ “​ကျေးဇူးတင်ပါတယ်။ ချစ်တယ်” ဆိုပြီး​တော့လည်း ​ပြောထားပါ​သေးတယ်။

သူမရဲ့ ဒီ post ​အောက်မှာ Red Velvet အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Seulgi ကလည်း “ချစ်တယ်” ဆိုပြီး ပြန်လည် မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိမှာ Joy ဟာ “Just One Person” ဆိုတဲ့ drama အသစ်ကို ရိုက်ကူး​နေတာပါ။ “Just One Person” ဟာ ​ဆေးရုံတစ်ရုံမှာရှိပြီး အရမ်းနာမကျန်းဖြစ်​နေတဲ့ မိန်းမသား ၃ ဦးအ​ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူတို့ဟာ မ​သေခင်မှာ မ​ကောင်းတဲ့လူတစ်​ယောက်ကို ​အောက်​ခြေ​ရောက်​အောင် ဆွဲချဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲ့အတွက် ကြံရွယ်​လုပ်ကိုင်​နေစဉ်မှာပဲ သူတို့ရဲ့ ဘဝမှာ တန်ဖိုးအရှိဆုံးဖြစ်လာမယ့် တစ်စုံတစ်​ယောက်ကို ​တွေ့ဆုံခဲ့ရတဲ့ ရိုမန့်စ်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

Joy ဟာ ဒီဇာတ်လမ်းတွဲမှာ အသက်ရှင်ဖို့အချိန် သိပ်မကျန်​တော့တဲ့ နာမည်ကြီး influencer Sung Mi Do အဖြစ် ပါဝင်သရုပ်​ဆောင်​နေတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Joy အပြင် Ahn Eun Jin, Kim Kyung Nam, Jang Hyun Sung, Baek Hyun Jin, Go Doo Shim, Ahn Chang Hwan နဲ့ Do Sang Woo တို့လည်း ပါဝင်သရုပ်​ဆောင်သွားမှာဖြစ်ပါတယ်။ အပိုင်း ၁၆ ပိုင်း ပါဝင်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ JTBC ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်​ထားပါတယ်။

Source : Soompi
Photo : Instagram
Written : ZL