Celebrity News

Kai ရဲ့ ပထမဆုံး YouTube channel vlog မှာ ပါလာတဲ့ Sehun လေး

EXO အဖွဲ့ဝင် Kai ဟာ ဒီနေ့ညနေမှာ သူ့ရဲ့ ကိုယ်ပိုင် YouTube channel ဖွင့်ခဲ့ပါတယ်။ နာရီပိုင်းလေးနဲ့တင် Subscribe လုပ်တဲ့သူ 60k ကျော်ခဲ့ပါတယ်။ Kai က 15:06 min စာရှိတဲ့ Vlog တစ်ခုကို အရင်ဆုံးတင်ခဲ့ပါတယ်။

ထို vlog ထဲမှာ ( အိမ်သန့်ရှင်းရေးလုပ်ခြင်း/ Geojedo သွားခြင်း/ ဒိုင်ဗင်ဆော့ခြင်း/ Blackyard အတွက် ရိုက်ကူးပေးခြင်း/ ကိုယ်တိုင် အိမ်အတွင်းပိုင်း အလှဆင်ခြင်း / ဟန်မြစ်နားမှာ လမ်းလျှောက်ခြင်း) ဆိုပြီး အပိုင်း (၆)ပိုင်း ပါ ပါတယ်။

ပထမဆုံးအပိုင်းက သူ့ကိုယ်ပိုင်အိမ်မှာ ပစ္စည်းတွေရွေ့၊ စားပွဲရှင်းနေတာကို ရိုက်ပြထားတာဖြစ်ပြီး ဒီအရာတွေဟာ အမြဲပွနေပေမဲ့ လိုရင်တော့ ထ သန့်ရှင်းရေးလုပ်ကြောင်း အရွှန်းဖောက်ခဲ့ပါတယ်။ နောက်တစ်ပိုင်းကတော့ Varity show အတွက် Geojedo ကို ညနေစောင်းမှ ရောက်သွားတာကို ရိုက်ပြထားတာဖြစ်ပြီး Hotel အခန်းကို Room tour လုပ်ပြခဲ့ပါသေးတယ်။

ဒိုင်ဗင်ဆော့ခြင်း အပိုင်းကတော့ ထူးခြားပါတယ်။ ထိုအပိုင်းမှာ Sehun လေး ပါ ပါလာတာပါ။ Sehun က Pirate ကားအတွက် ရေကူးသင်ထားပြီးသား ဖြစ်ပေမဲ့ ညက EXO gp chat ထဲမှာ Kai က “ဒိုင်ဗင်ပစ် သွားသင်မို့ ဘယ်သူလိုက်မလဲ” မေးထားတာကြောင့် သူက Kai နဲ့ အဖော်လိုက်ကူးပေးတာ ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။

နောက်တစ်ပိုင်းကတော့ BLACKYAK fashion brand အတွက် Kai က photoshoot လုပ်နေတဲ့အပိုင်းပါ။ ဓာတ်ပုံတွေထဲမှာ အမြဲအထာကျနေတဲ့ Kai ဟာ ရိုက်ကွင်းနောက်ကွယ်မှာဆို လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးရီမောနေတာကို ထို အပိုင်းမှာ မြင်တွေ့နိုင်ပါတယ်။

အိမ်အတွင်းပိုင်းအလှဆင်နေတဲ့ အပိုင်းမှာတော့ Kai က သူ့အိမ်ကြမ်းခင်းအတွက် သူငယ်ချင်း ဖြစ်သူ moonkyu နဲ့ အတူတူ ဖြတ်တောက်ဖြုတ်ဆင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းကတော့ ဟန်မြစ်နား လမ်းလျှောက်တဲ့အပိုင်းပါ။ သူ လမ်းလျှောက်နေတာကို အနီးကပ်ရိုက်ပြထားတဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးက Kai နဲ့အတူ လမ်းလျှောက်နေရသလို ခံစားရစေမှာပါ။

Kai ရဲ့ ပထမဆုံး vlog လေးကတော့ အစုံပါဘဲနော်။ သူ့ရဲ့ lifestyle နဲ့ သူ ချစ်ရတဲ့ အရင်းနှီးဆုံးသူတွေကို ထည့်ရိုက်ပြထားတာမို့ ကြည့်ရသူ ပရိတ်သတ်ကြီးလည်း Kai ရဲ့ စင်ပေါ်ကမဟုတ်တဲ့ အပြင်ကပုံစံကို တွေ့ရမှာအသေအချာပါဘဲနော်။

Source: 카이 Kai YouTube channel
Photo credit: 카이 Kai YouTube channel
Written: Violet