Celebrity News

အလှပဂေးလေး Dilireba ရဲ့ ညှို့ယူဖမ်းစားခြင်းကို ခံခဲ့ရတဲ့ ဝန်ထမ်းများနဲ့ ELLE ပွဲအခမ်းအနား

ELLE China မဂ္ဂဇင်းဟာ 2021 Mageline နဲ့ ပူးပေါင်းပြီး Elle Style Awards 2021 အခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ပွဲအခမ်းအနားရဲ့ Theme ကတော့ “EAST & BEYOND” ဖြစ်ပြီး “အရှေ့တိုင်းရဲ့အလှ” ကို အဓိကထား ပုံဖော်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကို Yang Mi, Dilireba, Angelababy, Tang Yan, Zhou Dongyu, Song Qian, Roy Wang, Jackson Yee, Bai Jingting, Cai Xukun, Li Xian, Zhang Binbin, Cheng Xiao, Song Yuqi, INTO1, Ren Hao တို့နဲ့အတူ အခြား အနုပညာရှင်ပေါင်း များစွာလည်း တက်ရောက်ခဲ့ကြပါတယ်။

လတ်တလောမှာ Red Carpet Looks ကြောင့် ပိုမိုနာမည်ကြီးနေတဲ့ Red Carpet Queen Dilireba ဟာ Elle Style Awards မှာလည်း နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ သူမရဲ့ Guo Pei (2017) ပွဲတက်ဂါဝန်ဒီဇိုင်း၊ ဆံပင်ပုံစံနဲ့ မိတ်ကပ်အလှတို့ဟာ မြင်တွေ့လိုက်ရသူ ရွှေပွဲလာများ အားလုံးကို ဝိုးခနဲ ဖြစ်စေခဲ့ပါတယ်။

သို့သော်လည်း သူမ ၀တ်ဆင်ထားတဲ့ ဂါဝန်ရဲ့ ကန့်သတ်ချက်များကြောင့် Dilireba ဟာ သေးငယ်တဲ့ ခြေလှမ်းများကိုသာ ဖြည်းဖြည်းချင်း လှမ်းနိုင်ခဲ့ပါတယ်။ သူမကို ဝိုင်းဝန်းကူညီဖို့ လူ (၃-၄) ယောက်လည်း ရှိနေပြီး Red Carpet ကို စတင်လျှောက်လှမ်း လာချိန်မှာ Dilraba က “လူတိုင်း အချိန်ကြာကြာ ကြည့်နိုင်တာပေါ့” လို့ မီဒီယာများကို ပြောရင်း စနောက်ခဲ့ပါသေးတယ်။

မီဒီယာများထဲမှ တစ်စုံတစ်ယောက်က Dilireba ကို “အရမ်းလှတာပဲ” လို့ ပြောလိုက်တဲ့အခါ သူမက “ကျေးဇူးတင်ပါတယ်၊ လမ်းလျှောက်တာ နည်းနည်း နှေးတဲ့အတွက် တောင်းပန်ပါတယ်၊ အဝတ်အစားက နည်းနည်း လေးနေလို့ပါ” လို့ ယဉ်ကျေးစွာ ရှင်းလင်းတောင်းပန်ခဲ့တဲ့ ပုံစံလေးဟာ တကယ်ကို ချစ်စရာကောင်းခဲ့ပါတယ်။

နောက်ထပ် အမှတ်တရတစ်ခုကတော့ Dilireba အနေနဲ့ Red Carpet ရဲ့ အလယ်ဗဟိုကို လမ်းလျှောက်လာစဉ် သူမရဲ့ အလှတရားက ညှို့ငင်ဖမ်းစားတာကို ခံလိုက်ရတဲ့ အခမ်းအနားရဲ့ အမျိုးသား ဝန်ထမ်းနှစ်ဦးကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ဟာ ဘေးမှာ ရပ်နေပြီး သူတို့အကြည့်တွေက Dilireba ရဲ့ ဦးတည်ရာ နောက်ကို လိုက်နေချိန်မှာ ကျေနပ်စွာ ပြုံးနေတဲ့ သူတို့နှစ်ယောက်ကို မြင်တွေ့ခဲ့ကြရပါတယ်။

၎င်းဝန်ထမ်းတွေရဲ့ ဗီဒီယိုဟာ “Dilraba Red Carpet လျှောက်နေတာကို ကြည့်နေတဲ့ ဝန်ထမ်းတွေရဲ့ အမူအရာ” ဆိုတဲ့ Hashtag နဲ့ Weibo မှာ Trending ဝင်ခဲ့ပါတယ်။ အမှန်တကယ်တော့ Dilireba ရဲ့ တစ်ရာမှာ တစ်ယောက် မရှိနိုင်၊ မယှဉ်နိုင်တဲ့ အလှဟာ ဝန်ထမ်းနှစ်ယောက်ကိုတင် မဟုတ်ဘဲ မြင်သူတိုင်းရဲ့ အာရုံကို ညှို့ငင်ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Written : Nair Nair
Source : ELLE
Photos : ELLE