Celebrity News

US ​ကို ​ရောက်ရှိပြီး​နောက် Harry Styles ရဲ့ ရှိုးပွဲမှာ သာယာ​နေခဲ့ကြတဲ့ Bangtan Boys များ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်​နေ့က BTS အဖွဲ့ဝင်​တွေဟာ နိုင်ငံရပ်ခြား အနုပညာလှုပ်ရှားမှု​တွေအတွက် ​လော့အိဂျလိစ်မြို့ကို ထွက်ခွာသွားခဲ့ပါတယ်။ ယ​နေ့ နိုဝင်ဘာလ ၂၀ ရက်​နေ့မှာ​တော့ BTS အဖွဲ့ဝင်​တွေဖြစ်ကြတဲ့ V, Jungkook, Jimin နဲ့ J-Hope တို့ကို California, The Forun in Inglewood မှာ ပြုလုပ်တဲ့ Harry Styles ရဲ့ show ပွဲမှာ မြင်​တွေ့ခဲ့ရပါတယ်။ BTS အဖွဲ့ဝင်​တွေဟာ တခြားပရိသတ်​တွေနည်းတူ Harry Style ရဲ့ ဂီတမှာ လိုက်ပါစီး​မြောကခုန်ရင်း ​ပျော်​ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးနေတာကို ​​တွေ့ရမှာဖြစ်ပါတယ်။ ဒီ show ပွဲမှာရှိ​နေတဲ့ BTS ရဲ့ ပုံရိပ်​တွေကို ARMY မဟုတ်တဲ့သူ​တွေ​တောင်မှ social media ​တွေမှာ ပြန်လည်မျှ​ဝေခဲ့ကြပါတယ်။

Harry Styles က ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ နာမည်ကြီး အ​ဆွေးသီချင်း “Falling” ကို ​​ဖျော်​ဖြေခဲ့တဲ့အခါမှာ​တော့ BTS အဖွဲ့ဝင်​တွေဟာ လူအုပ်ကြီးနဲ့အတူ ဖုန်းမီးကို ဖွင့်ကာ စည်းချက်နဲ့အညီ ဘယ်ညာ​ဝှေ့ယမ်းရင်း အား​ပေးခဲ့ပါတယ်။ ဒီသီချင်းကို ယခင်လကပဲ Jungkook က cover ပြန်လည်သီဆိုခဲ့ပြီး မူရင်း version ကို​ရော သူ့ရဲ့ cover ကိုပါ chart ​တွေရဲ့ ထိပ်ဆုံးကို​ရောက်​အောင် လုပ်​ဆောင်နိုင်ခဲ့ပါတယ်။

J-Hope ကလည်း အဲ့ဒီ show ပွဲမှာ သူတို့ ၄ ဦး “Falling!” သီချင်းကို သံပြိုင်သီဆို​နေတဲ့ video ကို Twitter မှာ ပြန်လည်မျှ​ဝေခဲ့ပါ​သေးတယ်။ BTS အဖွဲ့ဝင်​တွေနဲ့ မလှမ်းမကမ်းမှာ ထိုင်​နေခဲ့တာက​တော့ Lizzo ပဲဖြစ်ပါတယ်။ သူမဟာ “VMIN” ဆိုတဲ့ စာလုံးပါတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး BTS ရဲ့ “Butter” သီချင်းကို cover ပြန်လုပ်ခဲ့သလို AMRY တစ်​​ယောက်ဖြစ်​ကြောင်းလည်း မကြာခဏ ​ပြောဖူးပါတယ်။

ဒီတစ်ခါမှာ​တော့ Lizzo ဟာ BTS အဖွဲ့ဝင်​တွေနဲ့ ​ပွေ့ဖက်ပြီး ဓါတ်ပုံလည်း အတူတွဲရိုက်ခွင့်ရခဲ့ကာ ARMY တစ်​ယောက်အ​နေနဲ့ အိပ်မက်ကို အ​ကောင်အထည်​ဖော်နိုင်ခဲ့ပါတယ်။ BTS ကလည်း concert ပြီးသွားလို့ သိပ်မကြာခင်မှာပဲ Lizzo နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံအချို့ကို Twitter မှာတင်ခဲ့ပြီး ပရိသတ်​တွေကို ဝမ်းသာပီတိဖြစ်​စေခဲ့ပြန်ပါတယ်။

Harry Style ရဲ့ concert ကို အခြားအ​မေရိကန် အဆို​တော်​တွေဖြစ်ကြတဲ့ Billie Eilish, Ariana Grande, SZA နဲ့ Selena Gomez တို့လည်း လာရောက်အား​ပေးခဲ့တာကို ပရိသတ်​တွေက မြင်​တွေ့ခဲ့ကြရပါတယ်​။ Harry Style ကလည်း စင်​ပေါ်မှာ ​ဖျော်​ဖြေ​နေရင်းက​နေ BTS နဲ့ တခြားနာမည်ကြီး အဆို​တော်​တွေရှိတဲ့ဘက်ကို ​လျှောက်သွားခဲ့ပါ​သေးတယ်။ Concert အပြီးမှာ BTS အဖွဲ့ဝင်​တွေဟာ ပရိသတ်​တွေကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားတာကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် Twitter မှာလည်း “BTS at Harry Styles show”, “BTSinLA” စတဲ့ စကားစု​တွေက trend ဖြစ်သွားခဲ့ပါတယ်။ Harry Styles, Lizzo နဲ့ BTS တို့ရဲ့ ပရိသတ်​တွေဟာလည်း ဒီနေ့မှာ ဒီလိုမျိုး interaction ​တွေကို မ​မျှော်လင့်ပဲ မြင်​တွေ့ခွင့်ရခဲ့တဲ့အတွက် အရမ်းကို ​ပျော်ရွှင်​​နေကြပုံပါပဲ။ ​သေချာတာတစ်ခုက​တော့ BTS အဖွဲ့ အ​မေရိကန်နိုင်ငံကို ​ရောက်ရှိတဲ့အခါတိုင်းမှာ တခြား​သော ကမ္ဘာ​ကျော်အနုပညာရှင်​တွေနဲ့ interaction ​တွေ ထွက်​ပေါ်လာတတ်တယ်ဆိုတာပါပဲ။ ဒါ​ကြောင့် LA မှာ ​ရောက်​နေတုန်း သူတို့ ဘယ်​နေရာ​တွေကို ထပ်သွားပြီး ဘယ်သူ​တွေနဲ့အတူ မြင်​တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source : Koreaboo
Photo : Twitter
Written : ZL