Celebrity News

ရိုက်ကူး​ရေးပြီးပြီးချင်း “Street Woman Fighter” concert ကိုသွားအား​ပေးခဲ့တဲ့ Sana နဲ့ Momo

နိုဝင်ဘာလ ၂၁ ရက်​နေ့ မ​နေ့က Seoul မြို့မှာ “Street Woman Fighter” ပြိုင်ပွဲဝင် အကအဖွဲ့​အားလုံး ပါဝင်တဲ့ concert ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲကို TWICE အဖွဲ့ဝင် Sana နဲ့ Momo တို့လည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး YGX အကအဖွဲ့ရဲ့ ​ခေါင်း​ဆောင် Lee Jung ကို အား​ပေးခဲ့ကြပါတယ်။ Lee Jung ဟာ “FANCY,” “Feel Special,” “MORE & MORE,”  “I CAN’T STOP ME,” “CRY FOR ME” နဲ့ “ALCOHOL-FREE” စတဲ့ TWICE သီချင်း​တွေရဲ့ ကကွက်​တွေကို ဖန်တီး​ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။

Concert ပြီးသွားတဲ့​နောက်မှာ​တော့ Sana နဲ့ Momo တို့ဟာ Strset Woman Fighter lightstick ​တွေကို ကိုင်ပြီး ရိုက်ထားတဲ့ selfie ပုံ​တွေနဲ့ စင်နောက်မှာ Lee Jung နဲ့အတူ ရိုက်ထားတဲ့ ပုံ​တို့ကို Instagram Story မှာ တင်ခဲ့ပြီး ဘယ်​လောက်ထိ ​ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့တယ်ဆိုတာကို ပြန်လည်မျှ​ဝေခဲ့ပါတယ်။ San​​a က သူမရဲ့ selfie ပုံ​ပေါ်မှာ “ကျွန်မတို့ ​နောက်ဆုံးရိုက်ကူး​ရေးပြီးတာနဲ့ ကြည့်ဖို့ အ​ပြေးသွားခဲ့ရတဲ့ ‘Street Woman Fighter’ concert.. မျှော်လင့်ထားတဲ့အတိုင်း ယုံကြည်ရတဲ့ ‘Street Woman Fighter’ က အ​ကောင်းဆုံးပဲ ” လို့ ​ရေးသားခဲ့ပါတယ်။

Lee Jung နဲ့အတူ တွဲရိုက်ထားတဲ့ပုံမှာ​တော့ Sana နဲ့ Momo တို့က “အရမ်းကို ​​​ပျော်စရာ​ကောင်းခဲ့ပြီး​တော့ အရမ်းကို မိုက်တယ်” ဆိုပြီး  heart emoji ​လေးနဲ့ ​ရေးသားခဲ့ပါတယ်။ YGX ​ခေါင်း​ဆောင် Lee Jung ကလည်း ဒီ post ​တွေကို သူမရဲ့ Instagram Story မှာ ပြန်တင်ခဲ့ရုံမက Sana ရယ် Momo ရယ်နဲ့ အတူရိုက်ထားတဲ့ ဓါတ်ပုံ ၂ ပုံကို Instagram မှာ မျှ​ဝေရင်း “လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မဘာမှမဟုတ်​သေးတဲ့အချိန်မှာ ကျွန်မကို လာရှာ​​​ခဲ့တဲ့ TWICE ရဲ့ ​ကျေးဇူး​ကြောင့် ဒီ​နေ့ ကကွက်ဖန်တီးသူ Lee Jung ဆိုတာရှိ​နေတာပါ။ စကားနဲ့ ​ဖော်မပြတတ်​လောက်​အောင် ​ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ်ပိုပြီး ကြိုးစားရမယ်” ဆိုပြီး ​ကျေးဇူးစကားဆိုခဲ့ပါတယ်။ ​“Street Woman Fighter” concert ကို ဒီဇင်ဘာလ ၂၅ ရက်​နေ့အထိ Busan, Gwangju, Daegu, Changwon နဲ့ Incheon တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : leejung_lee, twicetagram
Written : ZL