Celebrity News

ကြည့်ရှုသူ (၉) သန်းကျော်သွားပြီဖြစ်တဲ့ Xiao Zhan ရဲ့ “March of GUCCI Love” New Series Fashion Show ဗီဒီယို

Xiao Zhan ဟာ ယခုအချိန်မှာ Public Event တွေမှာ ပေါ်မလာသေးပေမယ့် သူ့အကြောင်း သတင်းတွေကတော့ ဘယ်တော့မှ ရိုးမသွားစေပဲ ဆန်းသစ်ဂုဏ်ယူနေရဆဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးလအတွင်း ရရှိခဲ့တဲ့ ဇိမ်ခံအမှတ်တံဆိပ် (၃) မျိုးဟာလည်း လူတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ ဆန်းသစ်နေဆဲလို့ ယုံကြည်ပါတယ်။

Xiao Zhan ကြော်ငြာထားတဲ့ တတိယမြောက် ဇိမ်ခံအမှတ်တံဆိပ်ဖြစ်တဲ့ Gucci ဟာ အင်တာနက် အသုံးပြုသူများကို ဆွဲဆောင်နိုင်တဲ့ ဆန်းသစ်တဲ့ ကြော်ငြာဗီဒီယိုများကို အကြိမ်ပေါင်းများစွာ ထုတ်ပေးခဲ့ပြီး ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြင်သာစေခဲ့ပါတယ်။ Gucci ဟာ Xiao Zhan ကို Brand Ambassador အဖြစ် တရားဝင် ကြေငြာပြီးနောက် အမေရိကန်မှာ ရှိုးပွဲကြီးတစ်ခုကို ကျင်းပခဲ့ပါတယ်။

ထိုအချိန်ကတည်းက Xiao Zhan အတွက် ဒီဗီဒီယိုကို ရိုက်ကူးခဲ့ပြီး “March of Gucci Love” ဆိုတဲ့ နာမည်နဲ့ ဗီဒီယို ထွက်ရှိပြီးနောက် Xiao Zhan ရဲ့ ခေတ်ဟောင်းဒီဇိုင်းဝတ်စုံနဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေက ချီးကျူးစရာများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဗီဒီယိုကို တရားဝင် တင်ပြခဲ့ပြီး ရက်ပေါင်း (၂၀) အကြာမှာတော့ ကြည့်ရှုသူပေါင်း (၉) သန်းကျော်သွားပြီ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရ ပြီးနောက်မှာ Xiao Zhan ရဲ့ တစ်ကိုယ်လုံးကို မြင်ရတဲ့ ဗီဒီယိုလည်း တရားဝင် ထွက်ရှိလာခဲ့ပါတယ်။ ဗီဒီယိုထဲက Xiao Zhan ဟာ ခန္ဓာကိုယ်အပေါ်ပိုင်း အစင်းကြောင်းရှပ်အင်္ကျီပေါ်မှာ နို့နှစ်ရောင် မွှေးပွ ဝစ်စကုပ်ကို ၀တ်ဆင်ထားပြီး အောက်ပိုင်းမှာတော့ ဂန္တဝင် Gucci ဘောင်းဘီတိုကို ၀တ်ဆင်ထားပါတယ်။

ဗီဒီယိုထဲမှာ သူဟာ သူ့လက်ဆွဲအိတ်ကို ယူဖို့ မေ့ကျန်သွားတဲ့ လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ကားပေါ်က ဆင်းပြီးတာနဲ့ အိတ်ကို ကားထဲကနေ ယူဖို့ ခေါင်းကို လှည့်လိုက်တဲ့ လှုပ်ရှားမှု တစ်ခုလုံးက ချောမွေ့နေပြီး သဘာဝကျကျနဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာက ပရိတ်သတ်တွေရဲ့ အချစ်တွေအတွက် အမှတ်တွေ အများကြီး တိုးစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Gucci Brand Ambassador Xiao Zhan ရဲ့ ချောမောမှု အပြည့်ကို မြင်တွေ့ခဲ့ရတာကြောင့် ပရိတ်သတ်တွေ ကျေနပ်ခဲ့ကြပါတယ်။

Written : Nair Nair
Source : Gucci
Photos : Gucci