Celebrity News

အလတ်စား Company တစ်ခုစာ​လောက် တန်ဖိုးရှိ​ကြောင်း ထွက်​ပေါ်လာခဲ့တဲ့ BinJin စုံတွဲရဲ့ အိမ်ခြံ​​​မြေပိုင်ဆိုင်မှု

နိုဝင်ဘာလ ၂၆ ရက်​နေ့မှာ iHQ ရုပ်သံလိုင်းက “Secret Newsroom” အစီအစဉ်ရဲ့ အပိုင်း ၁၄ ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအပိုင်းမှာဆိုရင် ​တောင်ကိုရီးယားရဲ့ ထိပ်တန်းအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Hyun Bin-Son Ye Jin တို့နဲ့ ပတ်သက်ပြီး အ​ကြောင်းအရာမျိုးစုံကို ​ဆွေး​နွေးခဲ့ပါတယ်။

အဲ့ထဲကမှ ဒီစုံတွဲရဲ့ အိမ်ခြံ​မြေပိုင်ဆိုင်မှုဟာ ပရိသတ်​တွေကို အံ့အားသင့်​စေခဲ့ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့ဟာ “အိမ်ခြံ​မြေအရှင်သခင်” ​တွေလို့​တောင် တင်စား​ခေါ်​ဝေါ်ခံရ​လောက်​အောင် ပိုင်ဆိုင်မှု​တွေများပြားသူဖြစ်ပြီး သူတို့ရဲ့ အိမ်ခြံ​မြေတန်ဖိုးကို ဒီအစီအစဉ်မှာ ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ Guri နဲ့ Samseong dong တို့မှာ ဝမ် ၄ ဘီလီယံတန်ဖိုးရှိတဲ့ အပန်း​ဖြေစံအိမ်​တွေကို ကိုယ်စီပိုင်ဆိုင်ထားကြပြီး ဆိုးလ်မြို့ရဲ့ စီးပွား​ရေးအချက်အချာကျတဲ့ နယ်​မြေ​တွေဖြစ်တဲ့ Cheongdam, Shinsa နဲ့ Hapjeong တို့မှာလည်း ဝမ် ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ အ​ဆောက်အအုံ​တွေကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်​။

ဒီအစီအစဉ်မှာ ပါဝင်​ဆွေး​နွေးခဲ့တဲ့သူတစ်ဦးကဆိုရင် “အကယ်လို့ သူတို့ ၂ ဦး လက်ထပ်ဖြစ်ခဲ့ရင် သူတို့ရဲ့ ပိုင်ဆိုင်မှု စုစု​ပေါင်းက ​အ​သေးစားနဲ့ အလတ်စားကုမ္ပဏီလုပ်ငန်းတစ်ခုစာ​လောက်​ တန်ဖိုးရှိတယ်။ Hyun Bin နဲ့ Son Ye Jin တို့ တစ်​ယောက်စီက အ​ဆောက်အအုံတစ်ခုစီရဲ့ တန်ဖိုးကို ​ပေါင်းကြည့်ရင်​တောင် ဝမ် ၂၆ ဘီလီ​ယံ​လောက်ရှိတယ်” ဆိုပြီး ​သုံးသပ်တင်ပြခဲ့ပါတယ်။

​​ရွှေ​ရွှေချင်း ထပ်​တော့မြတ်တယ်ဆိုတာ ဒါမျိုးကို ​ပြောတာဖြစ်မယ်ထင်ပါတယ်။ ဒါ့အပြင် “Secret Newsroom” အစီအစဉ်ရဲ့ ဒီအပိုင်းမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က Hyun Bin ရဲ့ ဗီဒီယို​တွေကို ပြသခဲ့ပြီး သူတို့ ၂ ဦး ချစ်သူ​တွေမဖြစ်ခင်က “Crash Landing on You” ဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲက ဗီဒီယို​တွေကိုလည်း ပြသကာ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ ဆက်ဆံ​ရေး​အ​ကြောင်းကို ​ဆွေး​နွေးခဲ့ကြပါတယ်။

Source : Kbizoom
Photo : Kbizoom, Pinterest
Written : ZL