Celebrity News

ခပ်ကြမ်းကြမ်းအက်ရှင်ကားဖြစ်ပေမဲ့ Bromance ပါထည့်ထားတဲ့ Lee Dong Wook နဲ့ Wi Ha Joon တို့ရဲ့ ဇာတ်ကားသစ်

A-list မင်းသားကြီး Lee Dong Wook ဟာ Romance ကားတွေထဲမှာဆို အရမ်း ro ပြီး နူးညံ့တဲ့ ဇာတ်ရုပ်ဖြစ်တဖုံ၊ Thriller, Horror ကားတွေထဲမှာဆို ကြောက်စရာကောင်းပြီး ကြက်သီးထစရာ ဇာတ်ရုပ်ဖြစ်တဖုံ ကျရာနေရာကို သရုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးနေတာတောင် မင်းသားရဲ့ အမျိုးသမီးပရိတ်တွေ ပို..ပိုတိုးလာပါတယ်။

တက်သစ်စ မင်းသား Wi Ha Joon ကတော့ “Squid Game” ကားထဲမှာ ရဲ အဖြစ်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ ဇာတ်ဝင်ခန်းစကားတခွန်းနဲ့တင် တကမ္ဘာလုံးက အမျိုးသမီးတွေ ကြွေသွားအောင် စွမ်းနိုင်တဲ့သူပါ။ ခုလို အက်ရှင်ကားတွေကို ပိုပိုင်တဲ့ ဒီမင်းသားနှစ်ယောက်သာ အတူတွဲရိုက်လိုက်မယ်ဆိုရင် မိမိုက်နေမှာ အသေအချာပါဘဲ။

ခု 2021 ခုနှစ်မှာ ပရိတ်သတ်တွေရဲ့ အဆိုပါအိပ်မက်ဆန္ဒတွေက ပြည့်ဝလာခဲ့ပါပြီ။ tVN ကနေ လွှင့်မဲ့ “Bad and Crazy” ကားမှာ မင်းသားနှစ်ယောက်ကို ခေါင်းဆောင်ထားပြီး ရိုက်ကူးထားပါတယ်တဲ့။ ဒါရိုက်တာနဲ့ စာရေးဆရာမဟာ OCN ရဲ့ hit drama “The Uncanny Counter” စီစဉ်ရိုက်ကူးဖူးသူ ဒါရိုက်တာ Yoo Sun Bong နဲ့ စာရေးဆရာမ Kim Sae Bom တို့ဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်အိမ်က ကောင်းမှာ အထူးတလည် ပြောစရာတောင် မလိုတော့ပါဘူး။

ပြီးတော့ ပိုရင်ခုန်စရာက “Bad and crazy” ကားဟာ Bromance type ဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ လူဆိုးဖြစ်သူ Ryu Soo Yeol (Lee Dong Wook) ဟာ တရားမျှတမှုသာရဖို့ဆို ဘာကိုမှဂရုမစိုက်တဲ့ တဇွတ်ထိုးသမား K (Wi Ha Joon) နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မမျှော်လင့်တဲ့ တိုက်ဆိုင်မှုတွေကနေ ခဏခဏ ဆုံမိခဲ့တာဖြစ်ပြီး နောက်ပိုင်း အတူတူ ရန်သူတွေကို တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။

ထိုကားကို ခုလက်ရှိလွှင့်နေတဲ့ “Happiness” ကား ဇာတ်သိမ်းသွားရင် အပတ်စဉ် သောကြာ/စနေ နေ့တိုင်း ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။ ဇာတ်ကားစတင်ပြသရက်ကတော့ December 17 ရက်နေ့ ည 10:40 pm (KST) ပါ။ လောလောဆယ်တော့ ဇာတ်ကားရဲ့ Teaser တစ်ပုဒ် November 26 ရက်နေ့မှာ ထွက်ရှိထားပါတယ်။

ထို Teaser မှာ ရူးသွပ်ချင်စရာကောင်းတဲ့ အက်ရှင်ခန်း ခပ်ကြမ်းကြမ်းတွေပါပြီး ဇာတ်ဝင်ခန်း စာသားတွေကလည်း ရင်ခုန်ချင်စရာပါ။ Ryu Soo Yeol က K ကို “မင်းနဲ့ ငါဘဲ ရှိတော့မယ်” လို့ ပြောတာကို K က လည်း “ဟုတ်တယ် ခင်များနဲ့ ကျွန်တော်ဘဲ ရှိတော့မှာ” လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ ကဲ … Teaser တစ်ပုဒ်နဲ့တင် ပရိတ်သတ်ကြီးတို့ ကြည့်ချင်သွားမယ် လို့ ထင်ပါတယ်။

Source: Soompi
Photo credit: tvN
Written: Violet