Celebrity News

Lisa ရဲ့ ကျန်းမာ​ရေးအတွက် စိတ်မပူကြဖို့ BLINK ​တွေကို ပြောကြားခဲ့တဲ့ Lisa ရဲ့ ​မေ​​မေ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်​နေ့တုန်းက BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ​အေဂျင်စီဖြစ်တဲ့ YG Entertainment က Lisa ဟာ ကိုဗစ်​ရောဂါပိုးကူးစက်ခံထားရ​ကြောင်း ပရိသတ်​တွေကို အသိ​ပေး​ကြေငြာခဲ့ပါတယ်။ Lisa ဟာ ကိုဗစ်​ရောဂါကာကွယ်​ဆေး ၂ ကြိမ်လုံး ထိုးထား​ပြီးပေမဲ့လည်း ခုလို ​ရောဂါကူးစက်ခံခဲ့ရတာပါ။

အဲ့ဒီ​နောက်မှာ တခြား BLACKPINK အဖွဲ့ဝင် ၃ ​ယောက်လည်း ​ရောဂါပိုးစစ်​ဆေးခံခဲ့ရပြီး ကံ​ကောင်းစွာနဲ့ သူတို့မှာ​တော့ ​ရောဂါပိုးမ​တွေ့ရှိခဲ့ပါဘူး။ ဒါ​ပေမဲ့လည်း လက်ရှိမှာ​တော့ BLACKPINK အဖွဲ့ဝင်​တွေအားလုံးဟာ ​​Quarantine ဝင်​နေရပါတယ်။

နိုဝင်ဘာလ ၂၇ ရက်​နေ့မှာ​တော့ Lisa တို့ မိသားစုနဲ့ ရင်းနှှီးတဲ့ Phattanant Thongthong ဆိုတဲ့ စားဖိုမှူးဟာ ထို​​နေ့က Lisa ရဲ့မိဘ​တွေနဲ့ တခြားစားဖိုမှူးတစ်ဦးရဲ့ မင်္ဂလာ​ဆောင်မှာ​တွေ့ဆုံခဲ့​ကြောင်း သူ့ရဲ့ facebook account မှာ ​post တင်ခဲ့ပါတယ်။  အဲ့ဒီ Post အရ Lisa ရဲ့ အ​မေဟာ Lisa ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေ​နဲ့ ပတ်သက်ပြီး​တော့လည်း ​ပြောပြခဲ့​ကြောင်း သိရပါတယ်။

Lisa ရဲ့ အ​မေက “အခု Lisa ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေက ​ကောင်းမွန်​နေပါတယ်။ သူမမှာ ​ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား မရှိဘူး။ သာမန်အ​​အေးမိသလိုမျိုးပဲ။ BLINK ​တွေ စိတ်ပူဖို့ မလိုပါဘူး” ဆိုပြီး ​ပြောကြားခဲ့​ကြောင်း Phattanant Thongthong က ​သူ့ရဲ့ post ထဲမှာ ရေးသားထားပါတယ်။

BLINK ​တွေအတွက်​တော့ ဒါက တကယ့်ကို သတင်း​ကောင်းပဲဖြစ်ပါတယ်။ ဒီသတင်း​ကောင်းကို ကြားလိုက်ရတဲ့အတွက် BLINK ​တွေဟာ Lisa တစ်​ယောက် ကိုဗစ်​ရောဂါပိုး​အမြန်ဆုံး ပျောက်ကင်းဖို့ အတူတူ ဆု​တောင်းရင်း နှစ်ကုန် ဆု​​ပေးပွဲ​တွေမှာ ဆုရရှိဖို့ voting poll ​တွေမှာ အာရုံစိုက်ပြီး အားသွန်ခွန်စိုက် vote လို့ရပြီဖြစ်ပါတယ်။

Source : Kbizoom
Photo : Instagram
Written : ZL