Celebrity News

အားလပ်ချိန်​လေးမှာ NBA ဘတ်စကတ်​ဘောပွဲကို သွား​ရောက်အား​ပေးခဲ့တဲ့ အားကစားချစ်သူ​လေး Suga

BTS အဖွဲ့ဝင်​တွေဟာ အ​မေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ကို အနုပညာလှုပ်ရှားမှု​တွေကြောင့် ​ရောက်ရှိ​​နေတာကို ပရိသတ်အားလုံးပဲ သိကြမှာပါ။ အဖွဲ့ဝင်​တွေဟာ အနုပညာအလုပ်​တွေ​ကြောင့် အ​မေရိကန်နိုင်ငံကို ​ရောက်ရှိ​​နေ​ပေမဲ့ အားလပ်ချိန်မှာလည်း concert ​တွေဘာ​တွေသွားကြည့်တာကို မြင်​တွေ့ရသလို တချို့​နေရာ​တွေကို သွားလာလည်ပတ်ရင်း လွတ်လွတ်လပ်လပ် အပန်း​ဖြေလျက်ရှိပါတယ်။

Suga က​တော့ နိုင်ငံခြားခရီးစဉ်​တွေ​သွားရရင် အားကစားပွဲ​တွေကို သွားကြည့်တတ်တဲ့ အားကစားချစ်သူတစ်​ယောက်ဖြစ်တာနဲ့အညီ ဒီတစ်​ခေါက် ခရီးစဉ်မှာလည်း NBA ဘတ်စကတ်​ဘောပွဲကို သွား​ရောက်အား​ပေးခဲ့တာကို မြင်​တွေ့ခဲ့ရပါတယ်။ NBA ဘတ်စကက်​ဘောပွဲကို လာ​​ရောက်အား​ပေးတဲ့ လူ​ထောင်ချီထဲကမှ သိမ်းငှက်မျက်လုံးလို စူးရှတဲ့ အမြင်ရှိတဲ့ ပရိသတ်​တွေဟာ Suga ကို ရှာ​တွေ့ခဲ့ပါတယ်။

ဒုတိယ​မြောက်ခုံတန်းမှာ ထိုင်​နေတဲ့ Suga ဟာ ​ခေါင်းစွပ်ဦးထုပ်​ဆောင်းပြီး mask ဝတ်ထား​ပေမဲ့ ARMY ​တွေရဲ့ မျက်လုံးကို​တော့ လှည့်စားလို့မရခဲ့ပါဘူး။ ARMY ​တွေတင်မက LA Clippers အသင်းရဲ့ လာဘ်​ကောင်​လေးဖြစ်တဲ့ Chuck ကလည်း ပရိသတ်​တွေကြားမှာ ထိုင်​နေတဲ့ Suga ကို သတိထားမိပြီး ဦးညွတ်ဂါရဝပြုခဲ့တာကို ​တွေ့ရပါတယ်။

အဲ့ဒီပွဲမှာ Chuck သာမက Sports Illustrated, Farbod Esnaashari တို့လို နာမည်ကြီး အားကစားဂျာနယ်​တွေမှာ သတင်း​ရေးသားတဲ့ သတင်း​​ထောက်တစ်ဦးကလည်း Suga ကို ​သတိထားမိခဲ့​​ပါတယ်။ သူက Suga ဟာ သာမန်လူတစ်​ယောက်လိုပဲ ပွဲကြည့်​နေခဲ့ပြီး ပွဲစဉ်တစ်ဝက်​လောက်မှာမှ နှုတ်ဆက်ခွင့်ရခဲ့ကြောင်း သူ့ရဲ့ ​Twitter မှာ ပြန်လည်မျှ​ဝေခဲ့ပါတယ်။

ဒါ့အပြင် သူက “Suga ကို ပွဲရဲ့ တာဝန်ရှိသူ ဝန်ထမ်း​တွေကလွဲရင် သူ့ကို ဘယ်သူမှ သတိမထားမိဘူးထင်တယ်။ လူအုပ်ကြားထဲမှာ စူပါစတားတစ်​​ယောက်က ​ဒီလို အ​နှောင့်အယှက်ကင်းကင်းနဲ့ အေး​ဆေး​နေနိုင်တာ လက်​တွေ့မဆန်​လောက်​အောင်ပါပဲ” လို့လည်း သူ့ရဲ့ tweet ထဲမှာ ​ရေးသားထားပါတယ်။

ARMY ​တွေကလည်း Suga တစ်​ယောက် သူ့ရဲ့ အားလပ်ချိန်မှာ ကြိုက်နှစ်သက်တာကို လုပ်ရင်း ​အေး​အေး​ဆေး​ဆေး စိတ်အပန်း​ဖြေနိုင်တဲ့အတွက် ဝမ်းသာ​နေကြပါတယ်။ BTS အဖွဲ့ဟာ နိုဝင်ဘာလ ၂၇၊ ၂၈ ရက်နဲ့ ဒီဇင်ဘာလ ၁ ၊ ၂ ရက်​တွေမှာ LA မြို့၊ SoFi Stadium မှာ concert ကျင်းပပြုလုပ်​ဖို့ရှိ​နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Basketball ဟာ Suga ရဲ့နှစ်သက်တဲ့ အားကစား တစ်ခုလည်းဖြစ်နေတာပါ။

Source : Koreaboo
Photo : Twitter
Written : ZL