Celebrity News

ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ Story Line နဲ့ Knowing Bro အစီအစဉ်မှာ ပါသွားမဲ့ EXO အဖွဲ့ဝင် Kai နဲ့ Lee Seung Gi

JTBC ရဲ့ Knowing bro အစီအစဉ်ဟာ တစ်စထက်တစ်စ နာမည်ကြီးလာတဲ့ Program ဖြစ်ပါတယ်။ ထို အစီအစဉ်ကို Idol တွေဟာ သူတို့ album အတွက် promotion လုပ်ဖို့ လာလေ့ရှိပါတယ်။ ခုတခေါက်လာမဲ့ အပိုင်းမှာ Guest တွေအဖြစ် မင်းသား Lee Seunng Gi နဲ့ EXO အဖွဲ့ဝင် Kai တို့က လာရောက်ကြမှာဖြစ်ပါတယ်။

သူတို့နှစ်ယောက်လာမဲ့အပိုင်းကို ပရိတ်သတ်တွေ မျှော်လင့်နေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ မနေ့က JTBC က ထိုအပိုင်းရဲ့ preview ကို တင်ပေးခဲ့ပါတယ်။ အရင်အပိုင်းတွေလို စာသင်ခန်းထဲမှာ အမေးအဖြေလုပ် game လေးတွေကစားရုံတင်မကဘဲ ထူးခြားတဲ့ story line ရှိတာကို စိတ်ဝင်စားစရာတွေ့လိုက်ရပါတယ်။

အစီအစဉ်ရဲ့ ပင်တိုင် host တွေရော Guest တွေရော ထူးဆန်းတဲ့ အဝတ်အစားတွေနဲ့ Game တွေကစားနေကြပါတယ်။ သူတို့ဟာ Parallel universe တစ်ခုကနေ တခု ခုန်ကူးပြီး Game တွေ အဆင့်ဆင့်ကစားကြမှာဖြစ်ပါတယ်။ ဥပမာပြောရရင် Kang Ho Dong က 2009 born kid လိုမျိုးဝတ်ထားပါတယ်။ မင်းသား Lee Seung gi က မိုးလေဝသ သတင်းကြေညာသူအဖြစ် cosplay ထားပါတယ်။

Kai ကတော့ Jeolla နယ် ကနေ ပြောင်းလာတဲ့ ကောင်လေးအဖြစ် cosplay ထားပါတယ်။ သူတို့က game ​ပေါင်းစုံကစားပြီး နိုင်တဲ့သူက ပိုက်ဆံဆုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထို preview ထဲမှာ Kai ရဲ့ အကတွေကို ရင်သပ်ရှူမောစရာတွေ့လိုက်ရပါတယ်။ နောက်ခံသီချင်းဟာ ထွက်ရှိမဲ့ Peaches album ထဲက သီချင်း ဖြစ်နိုင်ခြေများပါတယ်။

ခုလို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမဲ့ episode ကို December 4 ရက်နေ 8:40 p.m. KST မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန်အရဆိုရင်တော့ 5:10 pm ပါ။ ထိုအချိန်လေးကို အလွတ်မပေးဘဲ စောင့်ကြည့်ကြစို့နော် ပရိတ်သတ်ကြီးတို့ရေ…

Source: Soompi
Photcredit: Soompi
Written: Violet