Chinese Celebrity

နှစ်ဦးကြားက ဆက်ဆံရေးကို လူသိရှင်ကြား ရပ်တန့်လိုက်ပြီဖြစ်တဲ့ Jin Han နဲ့ Zhang Zhixi

(၂၀၂၀) မှာ စတင်ခဲ့တဲ့ မင်းသားချော Jin Han နဲ့ မင်းသမီးချော Zhang Zhixi တို့ရဲ့ ချစ်ခြင်းတွေဟာ (၂၀၂၁) မကုန်ခင်မှာပဲ ရပ်တန့်သွားခဲ့ပါပြီ။ Jin Han နဲ့ Zhang Zhixi တို့ဟာ (၂၀၂၀) အောက်တိုဘာလက ၎င်းတို့နှစ်ဦး အတူတူ ထမင်းစားကြပြီး တရင်းတနှီး ရှိကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် နှစ်ဦးကြားက ဆက်ဆံရေးကို ပရိတ်သတ်တွေထံ အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။

Jin Han အနေနဲ့ ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေကို ငြင်းဆိုခြင်း မပြုရုံသာမက အချစ်ရေးကို ကိုယ်တိုင် ကြေငြာခဲ့ပြီး သူတို့နှစ်ဦး ချိန်းတွေ့ခဲ့တဲ့ သတင်းကို ဂုဏ်ယူစွာ ဝန်ခံခဲ့ပါတယ်။ သို့သော်လည်း (၂၀၂၁) ဖေဖော်ဝါရီလမှာ Zhang Zhixi က Jin Han သည် သူမအား အစောင့်အကြပ်များထားကာ လှည့်စားခဲ့တယ်ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Zhang Zhixi ဟာ ပို့စ်တွေကို ဖျက်ခဲ့ပြီး လှည့်စားခြင်း မရှိကြောင်း ပြောကြားခဲ့ကာ သူမအနေနဲ့ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ပြောကြားဖြေရှင်းခဲ့သလို Jin Han ရဲ့ စတူဒီယိုကလည်း လိမ်လည်စွပ်စွဲချက်တွေကို ငြင်းဆိုထားခဲ့ပါတယ်။

ဇွန်လမှာတော့ ၎င်းတို့နှစ်ဦးကို နှစ်ဖက်မိဘများနဲ့အတူ ထမင်းလက်စုံ စားနေကြတာကို မြင်တွေ့ခဲ့ရတာကြောင့် တည်ငြိမ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ယူဆခဲ့ကြပါတယ်။ သို့သော်လည်း နိုဝင်ဘာလမှာတော့ Jin Han နဲ့ Zhang Zhixi တို့ လမ်းခွဲကြောင်း ကြေညာတဲ့ ကိစ္စတစ်ခုကို သိရှိခဲ့ရပါတယ်။ Zhang Zhixi ရဲ့ Weibo မှာ “အားလုံးရဲ့ စိုးရိမ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။

ကျွန်မ Single ဖြစ်တာ အချိန်တစ်ခု ကြာပါပြီ။ အားလုံးကို နားလည်မှုလွဲအောင် ဆက်ပြီး မလုပ်ချင်တော့တဲ့အတွက် အခုလိုပြောပြရတာပါ။ အနာဂတ်မှာ ကောင်းမွန်တဲ့ အရာတွေ ရရှိနိုင်ပါစေ။” လို့ တင်ခဲ့ပါတယ်။  Jin Han ကလည်း “ဒီခရီးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ အနာဂတ်တွေ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်း ဆက်ဆံရေးကို ပိုင်ဆိုင်ရခဲ့လို့ ကျေးဇူးတင်ပါတယ်။” ဆိုပြီး တင်ခဲ့ပါတယ်။ ဒီအချက်တွေအရ သူတို့နှစ်ယောက်ရဲ့ သဘောထား မတိုက်ဆိုင်မှုဟာ အနည်းငယ်တော့ ကြာနေဟန်တူပြီး ခံစားချက်တွေ သေချာလာချိန်မှသာ လမ်းခွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်နိုင်ပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : Weibo