Chinese Celebrity

မွေးနေ့ကို ကလေးလေးလိုမျိုး ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ကြယ်ပွင့်လေး Zhao Lusi

နာမည်လေးကြားလိုက်ရုံနဲ့ ဖြူစင်ခြင်း၊ လန်းဆန်းတက်ကြွခြင်း၊ တောက်ပပြုံးပျော်နေခြင်းတို့ကို ပြေးမြင်ရလောက်တဲ့အထိ အတွေးပုံရိပ်‌ကို စိုးမိုးနိုင်သူလေးကတော့ Zhao Lusi ပါပဲ။ Rosy Zhao လိုလည်း ခေါ်ကြတဲ့ ဒီ ၂၀ ကျော် ကောင်မလေးကတော့ တစ်နှစ်တာလုံးကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းရင်း နိုဝင်ဘာလ (၉) ရက်နေ့မှာပဲ အသက် ၂၃ နှစ်ပြည့်သွားခဲ့ပါပြီ။

ချိုင်းနားရဲ့ အအောင်မြင်ဆုံး Rising Star အဖြစ် သတ်မှတ်ခံထားရတဲ့ Lusi လေးဟာ သူမရဲ့မွေးနေ့ကိုတော့ အထူးတလည် ဆုတောင်းစကားတွေကို ရေးတင်မနေဘဲ ရိုးရှင်းစွာပဲ ဖြတ်သန်းခဲ့ပါတယ်။ မျှော်နေကြတဲ့ပရိသတ်တွေအတွက် Lusi ဟာ Birthday Livestream ပြုလုပ်ပြီး ပရိသတ်တွေနဲ့အတူ ကိတ်ခွဲရင်း မွေးနေ့ပွဲပြုလုပ်ခဲ့ပါတယ်။

ပွဲတလျှောက်လုံး ပေါက်ကရတွေလုပ်ရင်း ပျော်ရွှင်နေခဲ့တာကို ဖုံးဖိလို့တောင် မရခဲ့ပါဘူး။ ဒါပေမဲ့ Livestream ပြီးခါနီးမှာတော့ မငိုမိအောင်ထိန်းနေခဲ့တဲ့ Lusi ရဲ့ပုံရိပ်လေးကြောင့်ပဲ ဒီကောင်မလေး ဖြတ်သန်းခဲ့ရတဲ့အနုပညာခရီးလမ်းတလျှောက်လုံးကို ပြန်လည်တွေးတောရင်း ပိုလို့တောင် အချစ်ပိုနေခဲ့ရပြန်ပါတယ်။

Lusi ရဲ့ မွေးနေ့မှာတော့ တွဲဖက်သရုပ်ဆောင်ဖူးတဲ့အနုပညာရှင်တွေအပြင် ဒါရိုက်တာတွေ၊ ထုတ်လုပ်ရေးကုမ္ပဏီတွေကအစ ၂၃ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုဆုတောင်းပေးခဲ့ကြပါသေးတယ်။ Lusi ရဲ့ Special နေ့လေးဖြစ်တာကြောင့် မြတ်နိုးရာ အနုပညာအလုပ်တွေကို ပျော်ရွှင်စွာနဲ့ လုပ်ကိုင်ပြီး ယခုထက် ပိုမိုအောင်မြင်တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Lusi ရဲ့ ဇာတ်လမ်းသစ်အနေနဲ့ ထိပ်တန်းမင်းသား Yang Yang နဲ့ ရိုက်ကူးထားတဲ့ “Who Rules the World” အပြင် Wu Lei နဲ့လည်း “Love Like The Galaxy” ဇာတ်လမ်းကိုပါ ရိုက်ကူးနေတာဖြစ်လို့ Lusi လေးရဲ့ လက်စွမ်းတွေကို အားပါးဝရကြီး ကြည့်ရပါဦးမယ်နော်။

Written by Ivy
Photos: Weibo