Chinese Celebrity

ချိုင်းနားက အွန်လိုင်းသုံးစွဲသူတွေ အစပြန်ဖော်နေကြတဲ့ Xiao Zhan ရဲ့ အချစ်ဦးဇာတ်လမ်း

ချိုင်းနား ဖျော်ဖြေရေးလောကရဲ့ ထိပ်တန်း နာမည်ကျော် မင်းသား Xiao Zhan ဟာ “The Untamed”, “Douluo Continent”, “The Longest Promise” နဲ့ အခြားဇာတ်လမ်းတွဲ များစွာမှာ ပါဝင်ခဲ့ပြီး အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က တက္ကသိုလ်တုန်းက Xiao Zhan ရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့ ပထမဆုံးချစ်သူ ကောင်မလေးနဲ့ သူ့ရဲ့ ဓာတ်ပုံကို အင်တာနက် အသုံးပြုသူ အချို့က တစ်ဖန်ပြန်လည် ဖော်ထုတ်ခဲ့ကြပါတယ်။ Xiao Zhan နဲ့ သူ့ရဲ့ အချစ်ဦး ကောင်မလေးတို့ရဲ့ ဓာတ်ပုံကို ဖော်ထုတ်ပြီးတဲ့နောက် အင်တာနက် သုံးစွဲသူတွေကြားမှာ ပွက်ပွက်ညံတဲ့ ဆွေးနွေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ထိုအမျိုးသမီးဟာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ကာ အလိုက်သိသည့် မိန်းကလေးတစ်ဦး ဖြစ်ပေမယ့် ကောလိပ်အချစ် ဇာတ်လမ်းများကဲ့သို့ပဲ သူတို့နှစ်ဦးစလုံး ဘွဲ့ရချိန်မှာ လမ်းခွဲရမယ့် ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုအချိန်က ထိုအမျိုးသမီးဟာ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စီစဉ်ထားခဲ့ပြီး Xiao Zhan အနေနဲ့ သူမ,နောက်ကို လိုက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာ ဆန္ဒမပြည့်ခဲ့ဘဲ နှစ်ဦးသား လမ်းခွဲခဲ့ကြတယ် ဆိုတဲ့ အကြောင်းအရာကိုလည်း ပြောဆိုနေကြတာ တွေ့ရပါတယ်။

အင်တာနက် သုံးစွဲသူတွေရဲ့ အဆိုအရ Xiao Zhan ဟာ ထိုအမျိုးသမီးအတွက် စေ့စပ်လက်စွပ်လည်း ဝယ်ခဲ့တယ်လို့ ပါရှိပါတယ်။ နောက်ပိုင်းမှာတော့ သူမလည်း အိမ်ထောင်ကျသွားတယ်လို့ ထောက်ပြသူများလည်း ပါဝင်ခဲ့ပါတယ်။ Xiao Zhan ဟာ (၁၉၉၁) ခုနှစ်ဖွား Chongqing မြို့သားလေးဖြစ်ပြီး (၂၀၁၆) ခုနှစ်မှာ X Nine အဖွဲ့ဝင် တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။

(၂၀၁၉) ခုနှစ်မှာတော့ “The Untamed” ဇာတ်လမ်းတွဲမှာ Wei Wuxian အနေနဲ့ ပါဝင်ခဲ့ပြီးနောက် နာမည်ကြီး ထိပ်တန်း အနုပညာရှင်အဖြစ် ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ (၂၀၂၀) ခုနှစ်က ထွက်ရှိခဲ့တဲ့ “Light Spot” ဟာလည်း ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဒစ်ဂျစ်တယ် တေးသွားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၂၄) နာရီအတွင်း ရောင်းအားအကောင်းဆုံး ဒစ်ဂျစ်တယ် အယ်လ်ဘမ်အဖြစ် ဂရင်းနစ်ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။

အချက်အလက်တွေအရ ယခုဖြစ်ပေါ်လာတဲ့ အကြောင်းအရာဟာ နေရာတိုင်းမှာ အောင်မြင်နေတဲ့ Xiao Zhan ကို အမြင်စောင်းစေဖို့ ကြံရွယ်နေသလို ဖြစ်နေတယ်လို့ တချို့က သတ်မှတ်နေကြပါတယ်။ Xiao Zhan ရဲ့ ပရိတ်သတ်တွေ ဘက်ကလည်း ကြီးမားတဲ့ တုံ့ပြန်မှုမျိုး ပြုလုပ်ခြင်းမရှိတာကို တွေ့ရတာကြောင့် သူတို့ဟာ Xiao Zhan ရဲ့ ပုံရိပ်ကို ထိခိုက်စေလိုစိတ် မရှိတဲ့ အချက်ကြောင့် ဖြစ်နိုင်တယ်လို့ သတ်မှတ်နေကြတာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu