Chinese Celebrity

အနုပညာသက်တမ်းနုစဉ်ကတည်းက သရုပ်ဆောင်ကောင်းတာကြောင့် ချီးကျူးခံရတဲ့ Gong Jun

ပရိသတ်ကြီးတို့လည်း မကြာသေးခင်ကမှ Gong Jun ရဲ့ “Shining Like You” ဇာတ်လမ်းလေးကို ကြည့်လို့ကောင်းခဲ့ကြမယ်ထင်ပါတယ်။ အချစ်၊ ဟာသ ရသစုံပေးတဲ့ဇာတ်လမ်းလေးဖြစ်ပြီး Gong Jun ရဲ့ အနုပညာသက်တမ်းနုစဉ်ကတည်းက ရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းလေးပါ။

တက္ကသိုလ်ဘဝကို လက်တွေ့နဲ့အနီးစပ်ဆုံးအချစ်ဇာတ်လမ်းလေးဖြစ်အောင် ရိုက်ကူးထားတာကြောင့် Shining Like You ဇာတ်လမ်းလေးက နာမည်ကြီးနေပြီး အဓိကဇာတ်လိုက်မင်းသား Gong Jun ကလည်း ငယ်စဉ်ကတည်က သရုပ်ဆောင်ကောင်းတယ်ဆိုပြီး ချီးကျူးခံနေရပါတယ်။ ၂၀၁၇ ကတည်းက ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တဲ့ Shining Like You ဟာ ၄ နှစ်ကြာပြီးမှ ပြသခဲ့ပါတယ်။

Gong Jun တစ်ယောက် Word of Honor ဇာတ်လမ်းတွဲနဲ့ မ‌ကျော်ကြားခင်ကတည်း ရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပေမဲ့ ဒီကားထဲမှာလည်း Gong Jun ဟာ သူ့ရဲ့သရုပ်ဆောင်အရည်အချင်းကို ချပြထားနိုင်ခဲ့ပါတယ်။ လန်းဆန်းတက်ကြွပြီး ဝိုင်းဝိုင်းလည်နေတဲ့ကောင်လေးတစ်‌ယောက်အဖြစ် Gong Jun ဟာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့လည်း သူ့ရဲ့‌ဇာတ်ကောင်မှာ လုံးဝကို မြှုပ်နှံထားခဲ့တယ်ဆိုပြီး ချီးမွမ်းခံခဲ့ရပြီး တွဲဖက်မင်းသမီးနဲ့လည်း တော်တော်လေး အပေးအယူမျှနေခဲ့ကြောင်း သတင်းမွှေးနေခဲ့ပါတော့တယ်။ အနုပညာသက်တမ်းနုစဉ်ကတည်းက ရိုက်ကူးထားခဲ့တဲ့ Shining Like You ထဲမှာ‌တောင် Gong Jun သာ အရည်အချင်းပြည့်ဝပြီး အလားအလာရှိတဲ့ မင်းသားတစ်ဦးအဖြစ် စွမ်းရည်တွေကို ချပြနိုင်ခဲ့ကြောင်း ချီးမွမ်းနေကြပါတော့တယ်။

လက်ရှိမှာတော့ တနေ့တခြားနာမည်ကြီးလာတဲ့ Gong Jun ရဲ့ Legend of Anle ဇာတ်လမ်းကို ကြည့်ရဖို့ရှိသေးပြီး စိတ်ပညာပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းဖြစ်တဲ့ Dream Garden မှာလည်း လက်ခံရိုက်ကူးမယ်ဆိုပြီး သတင်းမွှေးနေပြန်ပါတယ်။ သရုပ်ဆောင်သက်တမ်းတလျှောက်လုံးအရည်အချင်းအပြည့်ကို ချပြထားတဲ့ Gong Jun ရဲ့ ဇာတ်လမ်းသစ်တွေကိုလည်း စောင့်ကြည့်အားပေးကြပါဦးနော်။

Source: ChinaTimes
Photos: Weibo
Translated by Ivy