Chinese Celebrity

မွေးနေ့အတွက် အထူးအနေနဲ့ Wu Yifan စားခွင့်ရခဲ့တဲ့ ထိန်းသိမ်းရေးစင်တာက အစားအသောက်တစ်ခု

ချိုင်းနား-ကနေဒါနိုင်ငံသားဖြစ်သူ Wu Yifan နဲ့ပတ်သက်လို့ သတင်းအစအနလေးကြားရတာကိုက တန်ဖိုးရှိလှပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ကို တားမြစ်ပစ်ပယ်ကာ အဖက်ဖက်ကနေ ပစ်ပယ်ခံလိုက်ရတာကြောင့် ရင်ဆိုင်နေရတဲ့အမှုကိစ္စတွေအကြောင်း နားစွင့်နေရတာပါ။

လတ်တလော Kris Wu ဟာ ပေကျင်း ထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီကာ အမှုအတွက် စစ်ဆေးခံနေရတာ ၃ လကျော်နေခဲ့ပြီဖြစ်ပါတယ်။ နိုဝင်ဘာလ (၆) ရက်နေ့တုန်းက Kris ရဲ့ အသက် (၃၁) နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ကို အခုလိုမျိုး အထဲမှာ ဖြတ်သန်းရလိမ့်မယ်လို့လည်း တွေးမိခဲ့မှာတောင် မဟုတ်လောက်ပါဘူး။

Wu Yifan ရဲ့အမာခံပရိသတ်တွေကတော့ ယနေ့အထိတိုင် Kris မှာ ပြစ်မှုမရှိကြောင်း ယုံကြည်ချက်အပြည့်နဲ့ ကာကွယ်နေကြဆဲပါ။ မွေးနေ့တုန်းကလည်း သတိတရ ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး အမှုမှန်ပေါ်လာဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Kris ဟာ မွေးနေ့ကျရောက်သူတွေကိုပဲကျွေးတဲ့ထိန်းသိမ်းရေးစင်တာရဲ့အထူးအစားကို စားခွင့်ရခဲ့ကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။

ပြောပြချက်တွေအရ Kris ဟာ အမဲသားဟင်းနဲ့ ထမင်းအပြင် ကြက်ရိုးနဲ့ချက်ထားပြီး ကြက်ဥပါထည့်ပေးထားတဲ့ “မွေးနေ့ခေါက်ဆွဲ” ကို စားသုံးခွင့်ရခဲ့ကြောင်း သိရှိခဲ့ရတာပါ။ ဒီအစားအစာကတော့ ထိန်းသိမ်းရေးဌာနရဲ့ အထူးအစားအသောက်ဖြစ်ပြီး မွေးနေ့ကျရောက်သူတွေအတွက်ပဲ ကျွေးတယ်လို့ ဆိုပါတယ်။ ဒီသတင်းကတော့ ချိုင်းနားပြည်မကြီးမှာ တအားတင်းကြပ်ချုပ်ကိုင်ထားတာကြောင့် ဟိုးလေးတကျော်ဖြစ်မသွားပေမဲ့ Kris ရဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကို ရင်ကွဲရပါတယ်။

နှစ်တိုင်း FanFan နဲ့အတူ မွေးနေ့တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလာရင်းက အခုလိုအဖြစ်အပျက်ကြီးကတော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ အမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေက အပြည့်အဝထိန်းချုပ်ထားတာဖြစ်လို့ Kris ဖြစ်ပျက်ခဲ့သမျှတွေဟာ အမှန်တရားအတိုင်း တိတိကျကျပေါ်ထွက်လာဖို့ဆိုတာ မျှော်လင့်ချက်တတိလေးပဲ ရှိနေတာဖြစ်ပါတယ်။

Source: What’sToday
Photos: Kprofiles
Translated by Ivy