Chinese Celebrity

“Lucky Star” အနေနဲ့ Double 11 ဈေးဝယ်ပွဲတော်ကို လွှမ်းမိုးနိုင်ခဲ့သူ Wang Yibo

Double 11 စျေးဝယ် ပွဲတော်ရက်ကို ရောက်ရှိလာချိန်မှာ ကုန်ပစ္စည်း စျေးကွက်ရဲ့ တစ်ထောင့်တစ်နေရာက အရေးပါနေတဲ့ Spokespersons နာမည်ကြီး ကြယ်ပွင့်များရဲ့ ပစ္စည်းအပေါ် လွှမ်းမိုးနိုင်မှုတွေဟာ တစ်စတစ်စ တိုးတက်လာနေပါတယ်။ လက်ရှိမှာ “Lucky Star” အနေနဲ့ လူတိုင်းရဲ့ အာရုံစိုက်မှုတွေဟာ ကုန်ပစ္စည်း ထောက်ခံမှု ဒါဇင်များစွာရှိနေတဲ့ Wang Yibo ဆီကိုပဲ ပုံမှန်တိုင်း ဦးတည်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

Wang Yibo ကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးအတွက်ကတော့ ပုံမှန်ထက်ပိုပြီး ခက်ခက်ခဲခဲ ရွေးစရာမလိုတော့ဘဲ Wang Yibo ရဲ့ ထောက်ခံမှုနဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့်ပဲ Wang Yibo ရဲ့ ကုန်ပစ္စည်း ထောက်ခံမှုဟာ Double 11 ဈေးရောင်းပွဲတော်အတွင်း ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။

Rongtai အနှိပ်ထိုင်ခုံဟာ Double 11 ပွဲတော်အတွင်း Wang Yibo ကြော်ငြာတဲ့ ပစ္စည်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတံဆိပ်ဟာ မူလက လုပ်ငန်းနယ်ပယ်မှာသာ လူသိများခဲ့ပြီး ယခုအခါ Wang Yibo ရဲ့ ကျော်ကြားမှုနဲ့အတူ ကွန်ရက်တစ်ခုလုံးမှာ ထင်ရှားကျော်ကြားတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Double 11 ပွဲတော်ပြီးနောက် တရားဝင် အစီရင်ခံစာအရ Double 11 ကာလအတွင်း အမှတ်တံဆိပ်ရဲ့ ပလပ်ဖောင်းအပြည့် အွန်လိုင်းရောင်းအား သန်း (၂၂၀) ကျော်၊ အနှိပ်ထိုင်ခုံ စုစုပေါင်း ရောင်းအား (၃၄၀၀၀) ကျော်၊ ပလပ်ဖောင်း ကွန်ရက် တစ်ခုလုံးရဲ့ စုစုပေါင်း ကြော်ငြာထိတွေ့မှု (၁.၁၂) ဘီလီယံကျော်နဲ့ အပြန်အလှန် ဆက်သွယ်မှု အရေအတွက် (၇.၆၇) သန်းထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အချက်အလက်တွေဟာ တကယ်ကို အထင်ကြီးစရာကောင်းနေတာ ဖြစ်ပါတယ်။

အမှတ်တံဆိပ်များစွာကို ထောက်ခံဖို့ Wang Yibo ကို ရွေးချယ်ခြင်းဖြင့် Wang Yibo ဟာ အနာဂတ်မှာ လူတိုင်းကို စီးပွားရေး ရလဒ်ကောင်းများ ပိုမိုသယ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။ နယ်ပယ်တိုင်းအတွက် ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်သူ အသက်ငယ်ငယ် ရုပ်ချောချောနဲ့ ကြယ်ပွင့်လေးရဲ့ ရပ်တန့်လို့မရတော့တဲ့ လွှမ်းမိုးမှုတွေပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : ETshop
Photos : Rongtai