Chinese Celebrity

တိုက်ခိုက်ခံရမှုကြောင့် ခေတ္တအနားယူနေပေမဲ့ Kun ရဲ့ နွေးထွေးကြင်နာတဲ့ အလှူပြုမှုတစ်ခု

အသက် (၂၃) နှစ်ပဲရှိသေးပေမဲ့ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ Cpop Idol ဖြစ်သူ Cai Xukun ဟာ မကြာသေးခင်က အွန်လိုင်းကနေ ကောလဟာလလွှင့်ကာ နာမည်ဖျက်ခံထားရတာကြောင့် ယခုအချိန်မှာ သီးသန့်တစ်ယောက်တည်း အချိန်ယူကာ ဖြတ်သန်းနေပါတယ်။

ဖြစ်ခဲ့တဲ့ပြဿနာကတော့ Brand ပေါင်းများစွာနဲ့ အလုပ်လုပ်နေသူ၊ အနုပညာနာမည် (၃) လုံးနဲ့ အဆိုရှင်တစ်ဦးက သူ့ရဲ့ပရိသတ်နဲ့ ကလေးရနေတယ်ဆိုပြီး Blogger တစ်ဦးက စတင်သတင်းဖွခဲ့ပါ။ ဒီကောလဟာလကြောင့် Cai Xukun အပြင် Lay Zhang ကိုလည်း ယိုးစွပ်ကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ ဒီမကောင်းသတင်းဖြန့်တဲ့ဟာကို တရားဥပဒေအရ ဖြေရှင်းပြီးဖြစ်လို့ သတင်းက ငြိမ်ကျသွားခဲ့ပါပြီ။ Cai XuKun ကတော့ ဒီနေ့အထိ ပရိသတ်ရှေ့မှောက်ကို ပြန်ပေါ်မလာသေးဘဲ အချိန်ပေးပြီးအနားယူနေပါတယ်။ အမာခံပရိသတ်တွေက Kun ကို အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ ဒီထဲမှာတော့ နေမကောင်းဖြစ်ပြီး ရောဂါသည်းနေတဲ့ ပရိသတ်လေးတစ်ဦးပါလာခဲ့ပါတယ်။

အဆိုပါပရိသတ်ဟာ Kun ကို အားမငယ်ဖို့၊ အခက်အခဲတွေကို အတူတူဖြတ်သန်းကြဖို့ ဗီဒိယိုရိုက်ကူးပြီး ပို့ပေးခဲ့ပါတယ်။ ရောဂါကြောင့် နေမကောင်းဖြစ်နေတဲ့ကြားက အားပေးနေခဲ့ကြောင်း သိသွားတဲ့အခါ ရင်ထဲခံစားသွားရတာ‌ကြောင့် ဆေးကုသစရိတ်အတွက် ယွမ် ၁၀၀၀ (သိန်း သုံးထောင်ခန့်) ကို Kun က ချက်ချင်းလှူဒါန်းခဲ့ပါတော့တယ်။

ဒီလိုမျိုး စိတ်သဘောထားနူးညံ့ပြီး ပရိသတ်တွေကိုလည်း စောင့်ရှောက်တတ်တဲ့ Cai XuKun ရဲ့ အလှူအကြောင်းက သတင်းပြန့်လာတဲ့အခါ မဟုတ်မမှန်စွပ်စွဲပြီး သတင်းမှားလွှင့်ခဲ့တဲ့သူကို ပိုလို့တောင် ‌ဒေါသတွေထွက်နေခဲ့ကြပါတော့တယ်။ နာမည်ကြီး‌လာလေ၊ တိုက်ခိုက်မှုများလေးပဲဖြစ်လို့ အားလုံးကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ဖြတ်ကျော်ပြီး ပရိသတ်တွေရှေ့မှောက်ကို အမြန်ပြန်လာဖို့ Cai Xukun ရဲ့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Source: JTN
Photos: Weibo Studio
Translated by Ivy