Chinese Celebrity

ရွာသူတစ်ဦးလို ရိုးရှင်းစွာဝတ်ဆင်ထားပေမဲ့ ဖုံးဖိမရတဲ့အလှက ထင်းထွက်နေတဲ့ Liu Yifei

နှစ်စဉ်နှစ်တိုင်း အချောအလှမင်းသမီးတွေ ထွက်ပေါ်လာပေမဲ့ အလှဂုဏ်ဆောင်မင်းသမီးချောအဖြစ် ယနေ့ထက်တိုင် နာမည်ယူထားသူက Liu Yifei ပါပဲ။ ငယ်စဉ်ကတည်းက လှပလွန်းပြီး ရှားပါးလွန်းလှတဲ့ သဘာဝအလှပဂေးဖြစ်တာကြောင့် ပြည်တွင်းပြည်ပ, ပရိသတ်တွေကလည်း နှစ်သက်အားပေးကြပါတယ်။

လှပကျော့ရှင်းတဲ့သူလေးဖြစ်တာကြောင့် ဘာဝတ်ဝတ် သူမရဲ့အရောင်အဝါကို ဖုံးဖိထားလို့မရခဲ့ပါဘူး။ မကြာသေးခင်က နာမည်ကြီး Weibo blogger တစ်ဦးဟာ ‌ရိုက်ကွင်းနောက်ကွယ်က Liu Yifei ရဲ့ ဓာတ်ပုံတချို့ကို မျှဝေပေးခဲ့ပါတယ်။ ပုံတွေဟာ ဘာမှထူးထူးခြားခြား ပြင်ဆင်ထားခြင်းမရှိဘဲ လျှပ်တပြတ်ရိုက်ကူးထားတာဖြစ်ဝာာကြောင့် သဘာဝအတိုင်းပါပဲ။

ဒီပုံတွေထဲမှာ Liu Yifei ရဲ့ ကျေးလက်ဒီဇိုင်းဝတ်ဆင်ထားပြီး အနွေးထည်အထူကြီးလည်း ဝတ်ထားပါသေးတယ်။ ဒါကိုတောင်မှ သူမရဲ့အလှကတော့ မြင်သူတကာကို အံ့ဩမှင်သက်သွားစေပြီး အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးအနေနဲ့ ဒီလောက်နုပျိုပြီး ကျော့ရှင်းနေတာမျိုးက ဖြစ်နိုင်ပါ့မလားလို့ ချီးကျူးပြောဆိုခဲ့ကြပါတယ်။

အထူးသဖြင့် ငယ်စဉ်ကထက်တောင် ပိုမိုလှပနေခဲ့တဲ့ Liu Yifei ရဲ့မျက်နှာလေးဟာ အနှစ်တစ်ထောင်မှာ တစ်ယောက်လောက်သာ ပေါ်ထွက်နိုင်တဲ့အလှမျိုးဖြစ်ကြောင်းလည်း ချီးမွမ်းကာ ကျေနပ်နှစ်သက်ခဲ့ကြပါတယ်။ Liu Yifei ရဲ့အလှက နှစ်နှစ်ကာကာရှိလှပြီး ကြည့်ရင်ကြည့်သလောက် မျက်လုံးထဲမှာ စွဲထင်သွားစေနိုင်ပါတယ်။

Netizen တွေပြောသလို အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးအနေနဲ့ အခုလို လှပနေတာမျိုးဟာ တကယ်လည်း အားကျစရာကောင်းလှပါတယ်။ Liu Yifei ကတော့ ‌တစ်ခုခုဆိုရင် ဟိုးလေးတကျော်ဖြစ်တဲ့အထိ လှပတင့်တယ်သူလေးဖြစ်နေတာကိုက ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါပဲ။

Source: Kenh14
Photos: Kenh14
Translated by Ivy