Chinese Celebrity

Winter Dream Promise Season (2) မှာ ပါဝင်သွားနိုင်ဖွယ် ရှိနေတဲ့ Xiao Zhan

ဖျော်ဖြေရေးနယ်ပယ်က မိမိတို့ နှစ်သက်ရာ အနုပညာရှင်များကို ပွဲတော်တော်များများမှာ ပါဝင်ဖို့ ပရိတ်သတ်တွေ မျှော်လင့်လေ့ ရှိတာဟာ ပုံမှန်ဖြစ်စဉ် တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ လများအတွင်း Xiao Zhan နဲ့ ပတ်သက်တဲ့ Public Stage တွေ၊ ကုန်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ Public Event တွေ မရှိခဲ့တာ အနည်းငယ်ကြာသွားပြီ ဖြစ်တဲ့အတွက် ပရိသတ်များစွာက လည်း စောင့်မျှော်နေကြပြီး ပိုမိုကောင်းမွန်တဲ့ သတင်းများကို ကြားရဖို့ မျှော်လင့်နေကြပါတယ်။

Xiao Zhan ဟာ ဒရာမာ ဇာတ်လမ်းတွဲ များစွာနဲ့ အရှိန်အဟုန် ပြင်းပြင်း အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို တည်ငြိမ်လေးနက်စွာ ဖန်တီးပုံဖော်နိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင် အလုပ်အား အလွန်ဂရုတစိုက် ရှိသူဖြစ်ပြီး လေးစားထိုက်တဲ့ သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များနဲ့ ဝန်ထမ်းများဆီက ချီးကျုးခံရသူလည်း ဖြစ်ပါတယ်။

အနာဂတ်ခရီးမှာလည်း စောင့်မျှော်ရမယ့် အံ့ဩစရာတွေ ရှိနေပါသေးတယ်။ Variety Show သတင်းနဲ့ ပတ်သက်ပြီး နာမည်ကြီး Blogger တစ်ယောက်ရဲ့ အွန်လိုင်းမှာ တင်ထားတဲ့ မက်ဆေ့ချ်တစ်ခုအရ Xiao Zhan ဟာ Winter Dream Promise မှာ ထပ်မံပါဝင်ရိုက်ကူးဖို့ အလားအလာရှိနေတာ ဖြစ်ပါတယ်။

Season (1) ရဲ့ အပိုင်း (၂) မှာလည်း ပါဝင်ခဲ့ဖူးပြီး အမှတ်တရကောင်းတွေ ရှိခဲ့တာကြောင့် Season (2) မှာ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေအရ Xiao Zhan ဟာ “Winter Dream Promise” မှာ ပါဝင်ဖွယ်ရှိကြောင်း အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။ ဆောင်းရာသီ အိုလံပစ်ရဲ့ ဆောင်ပုဒ်ကို အခြေခံပြီး Variety Show တစ်ခုအနေနဲ့ သဘာဝအတိုင်း ထူးခြားတဲ့ အရည်အချင်းတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Blogger ထုတ်ပြန်တဲ့ သတင်းမှာတော့ “Winter Dream Promise Season 2” မှာ ပါဝင်ကြမယ့် ဧည့်သည်များရဲ့ အမည်စာရင်းများနဲ့ ပိုစတာတစ်ခု ပါရှိပြီး Xiao Zhan ရဲ့ နာမည်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အကြောင်းအရာတွေ သေချာဖို့အတွက်ကိုတော့ တရားဝင်ကြေငြာချက်ကို စောင့်နေကြပါတယ်။ Xiao Zhan ပါဝင်မယ် ဆိုရင်တော့ ထုံးစံအတိုင်း ရင်ခွန်စွာ မျှော်လင့်စောင့်စား ကြရတော့မှာပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Weibo