Chinese Celebrity

Social Media ပေါ်ကို တိတ်တဆိတ် ပြန်လည်ရောက်ရှိခဲ့ဟန်တူတဲ့ မင်းသားချော Zhang Zhehan

Word of Honor ဇာတ်လမ်းတွဲ နဲ့အတူ အံ့မခန်း အောင်မြင်မှုတွေကြားမှာ Zhang Zhehan ဟာ သူ့ရဲ့ ​ကျော်ကြားမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ ပြီးတဲ့နောက် မကြာခင်မှာပဲ ကံကြမ္မာရဲ့ လှည့်ကွက်တွေကြောင့် မထင်မှတ်ထားတဲ့ ကိစ္စတွေရဲ့ ပစ်မှတ်အဖြစ် လူအများရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

ဂျပန်နိုင်ငံရှိ အငြင်းပွားဖွယ် နေရာတစ်ခုမှာ မင်္ဂလာပွဲ တက်ရောက်နေစဉ် အမှတ်တရ ရိုက်ကူးခဲ့ဖူးတဲ့ ဓာတ်ပုံများကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ မျိုးချစ်စိတ်ကင်းမဲ့ပြီး ချိုင်းနားသမိုင်းကို ဂရုမစိုက်ဘူးလို့ ယူဆရတဲ့ သူ့ရဲ့ လုပ်ရပ်တွေကြောင့် မကြာခင်မှာ ဖျော်ဖြေရေး လောကအတွင်း ကြီးကျယ်တဲ့ ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့ပြီး သူ့ရဲ့ Weibo အကောင့် အပါအဝင် ဆိုရှယ်မီဒီယာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

သို့သော်လည်း မကြာသေးမီက Zhang Zhehan ဟာ ဆိုရှယ်မီဒီယာထဲကို တိတ်တဆိတ် ပြန်ဝင်လာခဲ့ပုံရပြီး သူနဲ့ သက်ဆိုင်တယ်လို့ ထင်မြင်မိစေတဲ့ အကောင့်တစ်ခုကို Netizens များက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ Netizens များဟာ Duo Rou Pu Tao 511 Bei ( 多肉葡萄511杯 ) အမည်နဲ့ အကောင့်သစ် တစ်ခုကို တွေ့ရှိခဲ့ကြပြီး ဒါဟာ Zhang Zhehan ရဲ့ လျှို့ဝှက်အကောင့် ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

အကောင့်နာမည်မှာ ပါဝင်နေတဲ့ “511” ဟာ Zhang Zhehan ရဲ့ မွေးနေ့ရက်စွဲ ဖြစ်တဲ့ (၅) လပိုင်း၊ (၁၁) ရက်နေ့နဲ့ ဆင်တူနေတဲ့အပြင် “Lu Fei’s Growth Diary” လို့ ရေးထားတဲ့ Caption မှာ ပါဝင်နေတဲ့ Lu Fei ဟာ မင်းသားရဲ့ အိမ်မွေးခွေးလေး နာမည်နဲ့ ဆင်တူနေတာကြောင့် တိုက်ဆိုင်မှုတွေကို ပေါင်းစပ်ပြီး Zhang Zhehan ဖြစ်တယ်လို့ ယူဆခဲ့ကြတာပဲ ဖြစ်ပါတယ်။

သိုပေမယ့် ဒီကိစ္စဟာ အင်တာနက် သုံးစွဲသူတွေကြား လျင်မြန်စွာ ပျံ့နှံ့သွားချိန်မှာတော့ ထိုအကောင့်ဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါတယ်။ အကောင့်ကို ပိုင်ရှင်ကိုယ်တိုင်ပဲ ဖယ်ရှားလိုက်တာလား သို့မဟုတ် ဖြုတ်ချခံရတာလား ဆိုတာကတော့ လူတိုင်းသိချင်နေကြတဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။

Written : Nair Nair
Source : Dramapanda
Photos : Weibo