Chinese Celebrity

အတိတ်ကစကားကို ပြန်ဖွခံရပြီး မျိုးချစ်စိတ်မရှိတဲ့မိန်းမအဖြစ် တိုက်ခိုက်ခံရတဲ့ Zhou Jieqiong

Kpop အဖွဲ့တွေထဲမှာ တရုတ်နိုင်ငံသား Idol တွေကို မွေးထုတ်တာ များပြားလာတဲ့နောက် ပြည်မကြီးဖက်က ပြဿနာရှာတာမျိုးတွေ များပြားလာခဲ့ပါတယ်။ I.O.I/ PRISTIN အဖွဲ့ဝင်ဟောင်းဖြစ်သလို Miss Truth, Legend of Fei, To Be with Yo စတဲ့ဇာတ်လမ်းတွဲတွေရဲ့ သရုပ်ဆောင်မင်းသမီးလည်းဖြစ်တဲ့ တရုတ်နိုင်ငံသူ Zhou Jieqiong ဟာ ၂၀၁၈ တုန်းက ကိုရီးယားအစီအစဉ်မှာပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်ဖွခံရပြီးနောက် မျိုးချစ်စိတ်မရှိတဲ့ မိန်းမတစ်ဦးအဖြစ် ဝေဖန်တိုက်ခိုက်ခံနေရပါတယ်။

၂၀၁၈ တုန်းက Two O’clock Date အစီအစဉ်မှာ Zhou Jieqiong လည်း တက်ရောက်ခဲ့ပြီး တခါတရံ တရုတ်လူမျိုးဆိုတာကို မေ့နေတာမျိုးဖြစ်ဖူးလားဆိုပြီး အမေးခံခဲ့ရပါတယ်။ Jieqiong က “ဟုတ်ကဲ့။ မေ့နေတာမျိုးဖြစ်ဖူးပါတယ်။ ကိုရီးယားမှာနေတာ ၈ နှစ်လောက်ရှိနေပေမဲ့ တခါတလေ ကိုရီးယားနိုင်ငံရဲ့ ထုံးစံကို မသိတာမျိုးတွေ ဖြစ်တဲ့အခါမှ ကိုယ့်ကိုကိုယ် တရုတ်လူမျိုးဖြစ်နေလို့ ဒါမျိုးတွေကိုမသိတာပုံမှန်ပါပဲ ဆိုပြီး အသိဝင်လာတာမျိုးတွေ ဖြစ်ဖူးပါတယ်” ဆိုပြီး ဖြေဖူးတာပါ။

ဒီလိုဖြေခဲ့ဖူးတာဟာ ၃ နှစ်ကြာပြီး ၂၀၂၁ မှ အစပြန်ထုတ်ခံရကာ မျိုးချစ်စိတ်မရှိတဲ့မိန်းမအဖြစ် စတင်တိုက်ခိုက်ခံရပါတော့တယ်။ ချိုင်းနားရဲ့ကြောက်ဖို့ကောင်းတဲ့အချက်က ချက်ချင်းဘဝပျက်သွားတဲ့အထိ ဆွဲ‌ချနိုင်တာကြောင့် ဒီစွပ်စွဲပြောဆိုချက်‌က ကိစ္စအကြီးကြီးဖြစ်သွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားပြီး မကြာခင်မှာပဲ Studio ဖက်ကနေ “ဒီဖြစ်ရပ်တစ်ခုလုံးက လုပ်ကြံထားတာဖြစ်ကြောင်း၊ အင်တာဗျူး‌ကို ဖြတ်ညှပ်ထားပြီး ပြဿနာတက်အောင် တမင်ရည်ရွယ်ကာ ပြုလုပ်ထားတာဖြစ်ကြောင်းနဲ့ Zhou Jieqiong ဟာ မျိုးချစ်စိတ်ရှိပြီး ကိုယ့်ကိုကိုယ် ဘယ်သူဆိုတာကိုလည်း ဘယ်သောအခါမှ မေ့မထားကြောင်း” စာထုတ်ခဲ့ပါတယ်။

Zhou Jieqiong ကို ရည်ရွယ်ချက်ရှိရှိနာမည်ဖျက်ပြီး အကြောင်းမဲ့တိုက်ခိုက်နေသူများအား ရပ်တန်းကရပ်ဖို့နဲ့ အမှုမှန်ဖော်ထုတ်ဖို့အတွက်‌ ရှေ့နေတွေနဲ့အတူ ဥပဒေအတိုင်း ‌ဆောင်ရွက်တော့မယ့်အကြောင်း အသိပေးခဲ့ပါတယ်။ နောက်ဆက်တွဲရလဒ်က ဘာဖြစ်မယ်မှန်းမသိပေမဲ့ မျိုးချစ်စိတ်မရှိကြောင်း စွပ်စွဲခံရတာဟာ ချိုင်းနားအာဏာပိုင်တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာမှာကို‌တော့ စိုးရိမ်ရပါတယ်။

Source: 1
Photos: Weibo Studio
Translated by Ivy