Chinese Celebrity

ပြန်လည်နွေးထွေးကောင်းမွန်လာပြီဖြစ်တဲ့ Yang Mi နဲ့ Liu Shishi တို့ရဲ့ ရင်းနှီးချစ်ခင်မှု

ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ Yang Mi နဲ့ Cecilia Liu Shishi တို့ဟာ 2009 ခုနှစ်ကထွက်ခဲ့တဲ့ Chinese Paladin 3 မှာ အတူတူတွဲဖက်ရိုက်ကူးပြီးတဲ့နောက် အလွန်ကိုရင်းနှီးသွားခဲ့ကြပြီး ခရီးတွေတောင် အတူတူထွက်ခဲ့ကြပါသေးတယ်။ Yang Mi က Shishi ထက် တစ်နှစ်တည်းကြီးတာဖြစ်လို့ သူတို့ ၂ ယောက်ဟာ တကယ့်သူငယ်ချင်းအရင်းကြီးတွေလိုမျိုး ချစ်ခင်ကြပါတယ်။

ဒါပေမဲ့လည်း ဘေးလူတွေရဲ့ မကြာခဏ နှိုင်းယှဉ်ဝေဖန်ခံရတာတွေကို ၂ ဦးသား ကြုံတွေခဲ့ရတဲ့အပြင် အလုပ်နဲ့မိသားစုတာဝန်တွေရှိလာခဲ့တဲ့အခါ တဖြည်းဖြည်း အနေဝေးကွာခဲ့ပြီး ‌အရင်လိုတွေ့ဆုံတာမျိုးမရှိတော့ဘဲ သွေးအေးလာခဲ့ပါတော့တယ်။ နှစ်ယောက်သား ဝေးကွာသွားခဲ့တာကို သေချာသိလိုက်ရတဲ့အချိန်ကတော့ ၂၀၁၄ ခုနှစ် Yang Mi လက်ထပ်တုန်းကပါပဲ။

Shishi ဟာ မင်္ဂလာဆောင်ကိုတက်ရောက်ဖို့ ဖိတ်ကြားခံရခြင်းမရှိသလို Yang Mi ကလည်းပဲ Tiffany Tang တစ်ဦးက‌လွဲပြီး အခြားဘယ်သူ့ကိုမှ ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ ဖက်ရှင်ရှိုးပွဲ၊ ဆုပေးပွဲတွေမှာ တွေ့ဆုံကြရင်တောင် Yang Mi နဲ့ Shishi က မျက်နှာချင်းမဆိုင်တော့တဲ့အထိ အေးစက်နေခဲ့ကြတာပါ။

နှစ်အတော်ကြာ သူစိမ်းဆန်လာခဲ့ကြတဲ့နောက် အင်တာနက်သုံးစွဲသူတွေဟာ Yang Mi နဲ့ ShiShi ကို ‘The Plastic Sisters” (အပေါ်ယံပတ်သက်တဲ့ ပတ်သက်မှု) ဆိုပြီး ဝေဖန်ကြပြန်ပါတော့တယ်။ ဆိုလိုတာကတော့ ပလတ်စတစ်ပန်းတွေလိုပဲ အပြင်ကကြည့်တော့လှပေမဲ့ အတုဟာ အတုပါပဲလို့တင်စားရင်း ရင်းနှီးမှု‌ကို ဝေဖန်ကြတာလည်းဖြစ်ပါတယ်။

ဒီနှစ် ဧပြီလကစလို့ Yang Mi နဲ့ ShiShi တို့က ပြန်လည်နွေးထွေးရင်းနှီးလားခဲ့ပါတယ်။ Shishi က Yang Mi ရှိရင် ရိုက်ကွင်းကို သွားရောက်လည်ပတ်ခဲ့ပြီး Yang Mi ကလည်းပဲ Shishi ကို ဖက်ထားခဲ့ကာ စကားတပြောပြောနဲ့ နှစ်‌ယောက်သား ပျော်ရွှင်နေခဲ့ကြပါတော့တယ်။ နိုဝင်ဘာလ တတိယပတ်ထဲမှာလည်း ဘုရားကျောင်းကို အတူတူသွားရောက်ခဲ့ကာ အဝတ်အစားဆင်တူတောင် ဝတ်ဆင်ခဲ့ကြပါသေးတယ်။ တချိန်ကရင်းနှီးမှုဟာ ပြန်လည်နွေးထွေးပြီးအသက်ဝင်လာပုံပါပဲ။

Netizens ကလည်း Shishi နဲ့ Yang Mi တို့ရဲ့ ညီအစ်မသံယောဇဉ်ကို ပုံတွေကြည့်ရုံနဲ့ ခံစားမိကြောင်း ကျေနပ်စွာပြောဆိုခဲ့ကြပါတယ်။ အတိတ်က အခြေအနေအရပ်ရပ်ကြောင့် အေးစက်သွားခဲ့ရင်တောင် အခုအချိန်မှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်လို့ နှစ်ယောက်စလုံးအတွက် ပျော်ရွှင်ရပါတယ်။

Source: ONCC
Photos: ONCC
Translated by Ivy