Chinese Celebrity

ချောမောခြင်း မျိုးရိုးဗီဇကို ထိုက်ထိုက်တန်တန် ဆက်ခံရရှိထားကြတဲ့ Wang Yibo တို့မောင်နှမ

လူတစ်​​ယောက်​ရဲ့ ရုပ်​ရည်​​ကောင်းမွန်​ရခြင်း အကြောင်းရင်း​ဟာ သူ့ရဲ့ မျိုးရိုးဗီဇနဲ့ တိုက်ရိုက်အချိုးကျ နေပါတယ်။ ဥပမာအားဖြင့် ဖျော်ဖြေရေး နယ်ပယ်ထဲက ကြယ်ပွင့်တွေဟာ အခြေခံအားဖြင့် ရုပ်ရည်ပိုင်းမှာ သာလွန်ချောမောနေပြီး သူတို့ရဲ့ မိသားစုဝင် များကလည်း ကောင်းမွန်တဲ့ ရုပ်ရည်ပိုင်ရှင်များ ဖြစ်နေလေ့ရှိပါတယ်။

သို့ပေမယ့် ရုပ်ရည်ချောမောမှသာ ဖျော်ဖြေရေး နယ်ပယ်ထဲကို ဝင်နိုင်မယ်လို့ ထင်သွားနိုင်ပေမယ့် တကယ်တမ်းမှာတော့ ပင်ကိုယ် အရည်အချင်းတွေ၊ ကြိုးစားအားထုတ်မှု လုံ့လတွေ၊ တာဝန်ယူမှု တာဝန်သိတတ်မှုတွေ၊ လူမှုဆက်ဆံရေး ပိုင်းတွေနဲ့ မိမိကိုယ်ကို နှိမ့်ချတတ်ခြင်း တွေဟာလည်း လူချစ်လူခင်ပေါပြီး အောင်မြင် ထွန်းတောက် ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တွေထဲမှာ ပါဝင်နေပါသေးတယ်။

တဖက်မှာတော့ ရုပ်ရည်ချောမောပြီး အရည်အချင်းပြည့်စုံနေပေမယ့် ဖျော်ဖြေရေး နယ်ပယ်ထဲမှာ Low Profile အဖြစ် သိုသိုသိပ်သိပ် အေးအေးဆေးဆေး နေကြတဲ့ Wang Yibo ရဲ့ မိသားစုကဲ့သို့ တည်ငြိမ်တဲ့ ပုံစံများလည်း ရှိနေတတ်ပါတယ်။ ဒီလိုမျိုး တည်ငြိမ်တဲ့ မိသားစု အခြေခံကနေ ဆင်းသက်လာတဲ့ Wang Yibo ကလည်း စကားနည်းပြီး တည်တည်ကြည်ကြည် ခန့်ခန့်ညားညား ကြယ်ပွင့်လေးအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိနေတာဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ကြောင်း နားလည်နိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။

Wang Yibo ဟာ “The Untamed” ဇာတ်လမ်းတွဲနဲ့အတူ ထိပ်တန်း နာမည်ကြီး တစ်ယောက် ဖြစ်လာခဲ့ပြီး ဒီဇာတ်ကောင်က Wang Yibo အတွက် အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးထားသလိုတောင် ထင်ရပါတယ်။ အနေအေးပြီး စကားနည်းတဲ့ Lan Wangji ရဲ့ အေးစက်တဲ့ အမူအရာနဲ့ နွေးထွေးတဲ့ နှလုံးသားဟာ လက်တွေ့ဘဝက Wang Yibo နဲ့ တူညီတဲ့ စရိုက်လက္ခဏာ ရှိနေတယ်လို့ သတ်မှတ်နေကြလို့ပဲ ဖြစ်ပါတယ်။

ထို့အပြင် Wang Yibo ရဲ့ အလွန်သိမ်မွေ့တဲ့ မျက်နှာ အသွင်အပြင်နဲ့ မျက်ခွံနှစ်ထပ် မျက်လုံးများဟာ အလွန်ဆွဲဆောင်မှုရှိပြီး အဖိုးတန် မျက်နှာလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတ်ယ။ ဒီလိုမျိုး ခမ်းနားတဲ့ အသွင်အပြင်နဲ့ Wang Yibo ဆီမှာ သူ့ထက် အသက် (၅) နှစ်ကြီးတဲ့ အစ်မဝမ်းကွဲ ဖြစ်သူကလည်း တူညီတဲ့ မျက်နှာ အသွင်အပြင် ရှိနေပါတယ်။

ဓာတ်ပုံထဲမှာ Wang Yibo ရဲ့ အစ်မဟာ ဆံပင်တိုတိုနဲ့ သပ်ရပ်တဲ့ အသွင်အပြင်ရှိပြီး သူမဟာ အလွန်ကောင်းမွန်တဲ့ စိတ်ထားရှိသူ ဖြစ်တယ်လို့လည်း သိရပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့ ပညာရေး အဆင့်အတန်းကိုလည်း ရရှိပိုင်ဆိုင် ထားသူဖြစ်ပြီး တကယ်ကို သန်မာရင့်ကျက်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ်လို့ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ဒီအဖိုးတန်လေး နှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ သူတွေကတော့ သူတို့ရဲ့ ကံအကောင်းဆုံး မိဘများပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu