Chinese Celebrity

“ဟန်ရှန်းရန်” ဇာတ်ကောင်အတွက် LiXian ထက်အရင် ကမ်းလှမ်းခံရတဲ့ ထိပ်တန်းမင်းသားတစ်ဦး

“Go Go Squid” ကားကိုတော့ လူတိုင်းလောက်ကြည့်ဖူးကြပါလိမ့်မယ်။ လူတည်ကြီး ဟန်ရှန်းရန်နဲ့ ချစ်စရာကောင်မလေး ထုန်ညန် တို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပါ။ ဟန်ရှန်းရန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lixian ဆိုရင်လည်း မိန်းကလေးတွေကြားမှာ အသည်းစွဲဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဟန်ရှန်းရန်ဇာတ်ကောင်အတွက် မူလကမ်းလှမ်းခဲ့တဲ့မင်းသားဟာ Lixian မဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်တာကိုကော အနုပညာနယ်ပယ်ထဲက လူသိများတဲ့ Blogger တစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ ဟန်ရှန်းရန်ဇာတ်ကောင်နေရအတွက် မူလက ရည်ရွယ်ကမ်းလှမ်းခံရသူဟာ Yang Yang ဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကမ်းလှမ်းဖို့ကြိုးစားခဲ့တာပါ။

ဒါပေမဲ့လည်း Yang Yang ဟာ E-Sports ဇာတ်လမ်းမျိုးဖြစ်တဲ့ “The King’s Avatar” အတွက် ရိုက်ကူးဖို့ လက်ခံပြီးဖြစ်တာကြောင့် ဟန်ရှန်းရန်ဇာတ်ကောင်ကို ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် ဇာတ်ကောင်နဲ့အလိုက်ဖက်ဆုံးမင်းသားတစ်ဦးကို ထပ်မံစဉ်းစားခဲ့ရာ Lixian နဲ့ ရိုက်ကူးဖို့ဖြစ်လာခဲ့ပါတော့တယ်။

ဟန်ရှန်းရန် ဆိုတဲ့ ဇာတ်ကောင်ဟာ Lixian နဲ့ ခွဲခြားလို့မရတဲ့အထိ တသားတည်းကျနေခဲ့ပြီး အောင်မြင်ကျော်ကြားမှုတွေပါ များစွာရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြောင့်ပဲ ပရိသတ်တွေဟာ Yang Zi နဲ့ Lixian ကို အပီအပြင် Ship ခဲ့ကြပြီး ယနေ့အချိန်အထိ သရုပ်ဆောင် ၂ ယောက်ရဲ့ ရင်းနှီးမှုကိုလည်း ကြည်နူးက သဘောကျနေကြပါတော့တယ်။ “Go Go Squid” နဲ့ကို နာမည်ကြီးဖို့ ကံစပ်ခဲ့တဲ့ Lixian အတွက် အောင်မြင်မှုလမ်းစသစ်တွေ တိုးများလာတာကြောင့် နောက်ထပ်ဇာတ်လမ်းသစ်တွေကိုလည်း မျှော်လင့်နေကြပါတယ်။

Source: Sohu
Photos: Weibo
Translated by Ivy