Chinese Celebrity

အခွင့်အရေး ကာကွယ်ရေးကိစ္စရဲ့ နောက်ဆုံးတိုးတက်မှု ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ Zhang Yixing Studio

နိုဝင်ဘာလ (၅) ရက်နေ့က Weibo ရဲ့ နာမည်ကြီး Blogger အမျိုးသားတစ်ယောက်ရဲ့ မဆင်မခြင် ပြောဆိုမှုကနေ စတင်ခဲ့တဲ့ ကိစ္စတစ်ခုကို Zhang Yixing ရဲ့ နာမည်တပ်ပြီး စွပ်စွဲမှုတွေဟာ တစ်စတစ်စ ကြီးထွားခဲ့တာကြောင့် Yixing ရဲ့ စတူဒီယိုဘက်ကနေ ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Yixing ဟာ သူ့ရဲ့ မိန်းကလေးပရိသတ်နဲ့ အိပ်ခဲ့ပြီး ကလေးရနေတယ်ဆိုတဲ့ မကောင်းတဲ့ ကောလဟာလကို စတင်ခဲ့သူ (၂) ဦးကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ (၂၃) ရက်နေ့မှာတော့ Zhang Yixing studio မှ ကြေငြာချက် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ကြေငြာချက်မှာတော့ ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးသည့်ကိစ္စရဲ့ နောက်ဆုံးတိုးတက်မှု အကြောင်းအရာများ ပါဝင်ခဲ့ပါတယ်။ Zhang Yixing Studio မှ Zhang Yixing နဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မှားယွင်းတဲ့ မှတ်ချက်စကားများကို မနာလိုစွာ စုစည်းပြီး Mr. Zhang အား အပုပ်ချရန် ရည်ရွယ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး နိုဝင်ဘာ (၆) ရက်က သတိပေး ကြေညာစာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အမှန်တရားကို မသိသော အင်တာနက် အသုံးပြုသူများဟာ Zhang Yixing နဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားမှုများ ရှိနေပြီး Zhang Yixing ရဲ့ အမည်နဲ့ ဂုဏ်သတင်း အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ပြင်းထန်စွာ ချိုးဖောက်နေတယ်လို့ စတူဒီယိုဘက်က သံသယရှိနေပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာများကို ပြန်လည်ရေးသားဖြန့်ဝေသည့် သက်ဆိုင်ရာ သုံးစွဲသူများသည်လည်း ချိုးဖောက်မှုတွင် ပါဝင်နေကြောင်းနဲ့ သံသယဖြစ်ဖွယ် ဝတ္တရား ချိုးဖောက်မှုများ ဖန်တီးခြင်းကို ရပ်တန့်ကြရန် တောင်းဆို ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလ (၈) ရက်နေ့က Zhang Yixing ရဲ့ စတူဒီယိုဟာ တရားခံနှစ်ဦးအား တရားရုံးသို့ ခေါ်ဆောင်ရန် ဥပဒေကုမ္ပဏီတစ်ခုကို အမှုအပ်နှင်းခဲ့ပြီး အမှုအား ပေကျင်းအင်တာနက် တရားရုံးမှာ မှတ်ပုံတင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ Zhang Yixing ရဲ့ စတူဒီယိုမှလည်း ကိုယ်ကျင့်တရား မထိန်းသိမ်းနိုင်သော အရာကို တရားဥပဒေထံ လွှဲအပ်မည်ဖြစ်ပြီး သတိလက်လွတ် ဖြစ်နေတဲ့ အသိတရားကို တရားစီရင်ခြင်းသို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သူတို့ရဲ့လုပ်ဆောင်မှုတွေကို တင်ပြခဲ့ပါတယ်။

Studio ဘက်က ပြောဆိုခဲ့တဲ့ စကားများနဲ့ အပြုအမူများအတွက်လည်း တာဝန်ယူသွားမှာဖြစ်ပြီး ၎င်းတို့ဘက်က ရင်ဆိုင်ဖို့ သတ္တိရှိသလို မဟုတ်မမှန် စွပ်စွဲသူများအနေနဲ့လည်း ရင်ဆိုင်ဖို့ သတ္တိရှိကြစေလိုကြောင်း ပြတ်သားစွာ ပြောကြားခဲ့ပါတယ်။ Zhang Yixing အတွက် တကယ်ကို အားကိုးထိုက်တဲ့ ဝန်ထမ်းများရဲ့ အရည်အချင်းကို မြင်တွေ့လိုက်ရတာကြောင့် Yixing ရဲ့ ပရိတ်သတ်တွေကလည်း များစွာ ကျေနပ်ခဲ့ကြပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo