Chinese Celebrity

အဖွဲ့သားတွေရဲ့ ချီးမွမ်းမှုတွေအပြင် “Crime Crackdown” ရဲ့ အောင်မြင်မှုကို စံစားခဲ့တဲ့ Lay

EXO အဖွဲ့ဝင်ဖြစ်သူ Lay ကတော့ သရုပ်ဆောင်နယ်ပယ်ထဲမှာလည်း မှတ်ကျောက်တင်ထားခဲ့ပြန်ပါပြီ။ Lay တစ်ယောက် Crime Crackdown ဇာတ်လမ်းထဲမှာ ရဲအရာရှိ “Lin Hao” အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခမ်းနားကြီးကျယ်တဲ့အောင်မြင်မှုတွေအပြင် အတူတွဲဖက်အလုပ်လုပ်ကိုင်ခဲ့တဲ့ အနုပညာရှင်တွေထံကပါ ချီးမွမ်းစကားသံတွေကို တသီကြီးရရှိခဲ့ပါတော့တယ်။

Lay ပါဝင်သရုပ်ဆောင်ထားတဲ့ Crime Crackdown ဟာ မထွက်ခင်ကတည်းက နာမည်ကြီးသလို ထွက်ရှိပြီး‌တော့လည်း တင်လိုက်သမျှစံချိန်တွေက မနည်းမနောပါပဲ။ ၂၀၂၁ ရဲ့ ကျော်ကြားမှုအဆင့်အမြင့်ဆုံး ဇာတ်လမ်းပေါင်း (၁၀၀) ကို စာရင်းထုတ်ပြန်ခဲ့ရာ Lay ရဲ့ ဇာတ်လမ်းက အဆင့် (၁) အဖြစ် ထိပ်ဆုံးကနေ နေရာယူခဲ့တာဖြစ်တာကြောင့် အောင်မြင်မှုအမြင့်ဆုံး စံခ်ျန်တင်နိုင်ခဲ့ပါတယ်။

၂၀၂၁ ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းအဖြစ် ဂုဏ်ပြုခံရသလို Lay ရဲ့ သရုပ်ဆောင်အရည်အချင်းကိုပါ လူအများက ချီးကျူးကာ အားပေးလက်ခံခဲ့ကြပါတယ်။ အရာရှိ He အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး WuYue က “Yixing က တအားကိုကြိုးစားတယ်။ အဆိုတော်တစ်ဦးဖြစ်ပေမဲ့ ဇာတ်လမ်းတွေမှာလည်း သရုပ်ဆောင်ဖူးသေးတယ်။ သူ့မှာ စင်မြင့်ထက်မှာ ဖျော်ဖြေရတဲ့အတွေ့အကြုံတွေရှိတော့ သရုပ်ဆောင်တဲ့အခါ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေ‌ကို ကောင်းစွာအသုံးချနိုင်တယ်လို့ ကျွန်မထင်ပါတယ်။

ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ်ပဲ့ကိုင်နိုင်စွမ်းနဲ့ စီမံခန့်ခွဲနိုင်စွမ်းမြင့်တဲ့ လူငယ်အနုပညာရှင်တစ်ဦးလို့ ချီးမွမ်းသတ်မှတ်ပါရစေ” လို့ အမွမ်းတင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ တွဲဖက်သရုပ်ဆောင်မင်းသား Yijun Liu ကလည်း “ဇာတ်လမ်းထဲမှာ အက်ရှင်ခန်းတွေကအများကြီးပါတော့ Yixing က ညကိုမအိပ်ဘဲ အာရုံတက်တဲ့အချိန်ထိကို အလုပ်လုပ်နေတတ်ပါတယ်။

သူ့ရဲ့ Weibo အကောင့်နာမည်လိုပါပဲ.. အလုပ်ကြိုးစားလွန်းတဲ့ Yixing ကို မချီးကျူးဘဲ မနေနိုင်ပါဘူး” ဆိုပြီး အမြင်တွေကို ချပြသွားခဲပါတော့တယ်။ ပါဝင်ရိုက်ကူးတဲ့ သရုပ်ဆောင်ပေါင်များစွာရဲ့ ကြိုးစားမှုကြောင့်ပဲ ဇာတ်လမ်းဟာ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိကာ မှတ်တမ်းသစ်တွေပါ ရေးထိုးနိုင်ခဲ့ပါတယ်။

ပထမဆုံးထုတ်လွှင့်ပြသတဲ့ရက်မှာတင် ကြည့်ရှုသူ သန်း ၁၀၀ ကျော် ရရှိခဲ့ပြီး လက်ရှိအချိန်အထိ ကြည့်ရှုသူဦးရေ ၄ ဘီလီယံကျော်ကို ပိုင်ဆိုင်ထားပါတယ်။ Idol တစ်ဦးဖြစ်ပေမဲ့လည်း စိန်ခေါ်မှုများတဲ့ အက်ရှင်ကားမှာတောင် Lay ရဲ့ သေသပ်ပီပြင်လှတဲ့ သရုပ်ဆောင်အရည်အချင်းကို အထင်းသားမြင်ခဲ့ကြရပါတယ်။  Lay ကိုယ်တိုင်ကလည်း သူ့ရဲ့ဇာတ်ကောင် အရာရှိ Lin Hao ကို “Lin Hao ရေ.. နေ့ရက်တိုင်း ငါဟာ မင်းဖြစ်လာခဲ့ပါတယ်။

ဒီ့အတွက်လည်း ကိုယ့်ကိုကိုယ် သိပ်ဂုဏ်ယူမိပါတယ်။ အရှေ့ကနေ အရာရာကို ကာကွယ်ပေးတဲ့ ရဲအရာရှိတိုင်းအား ချီးကျူးဂုဏ်ပြုပေးကြပါ” ဆိုပြီး ရေးသားက ဇာတ်လမ်းကို နှုတ်ဆက်ခဲ့ပြီဖြစ်ပါတော့တယ်။ ဇာတ်လမ်းကြည့်ရင်း အကောင်းဆုံးအခိုက်အတန့်တွေကို ပေးစွမ်းနိုင်ခဲ့တဲ့ Lay Zhang ကို တကယ်ကို ဂုဏ်ယူနေမိပါတော့တယ်။

Source: Allkpop
Photos: Tencent
Translated by Ivy