Chinese Celebrity

စိတ်ဝင်စားမှုတွေ မြင့်တက်နေတဲ့ Anonymous ရုပ်ရှင်က Tony Leung နဲ့ Wang Yibo တို့ရဲ့ ပထမဆုံး Poster

Bona Film Group ဟာ Tony Leung နဲ့ Wang Yibo တို့နဲ့အတူ ၎င်းတို့ ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကားအတွက် ပထမဆုံး ပိုစတာကို နိုဝင်ဘာ (၂၂) ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ အံ့အားသင့်မှုများနဲ့ ပရိတ်သတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်များက Wang Yibo အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးနေပြီဖြစ်ကြောင်း သိထားသော်လည်း ယခုအချိန်မှာ ပထမဆုံး တရားဝင် ကြေငြာချက်ကို ထိတွေ့ခံစားခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်တွေ ဖြစ်တဲ့ Tony Leung နဲ့ Wang Yibo တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက် ပရိသတ်တွေ ရင်ခုန်နေကြပါပြီ။ “Anonymous” ရုပ်ရှင်ဟာ Bona Film Group ရဲ့ “China Victoria Trilogy” ရုပ်ရှင်စီးရီးတွေထဲမှာ “Chinese Doctors” နဲ့ “The Battle at Lake Changjin” ပြီးတဲ့နောက် Bona Film Group ရဲ့ တတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဒုတိယ ချိုင်းနား-ဂျပန် စစ်ပွဲအတွင်း ဂျပန်တို့ တရုတ်ပြည်ကို ကျူးကျော်ဝင်ရောက်တဲ့ ကာလကို အခြေခံထားတာ ဖြစ်ပါတယ်။ ဂျပန်ခေတ် ရှန်ဟိုင်းမြို့ကို ဂျပန်တို့ သိမ်းပိုက်စဉ်အတွင်း အမိမြေကို ကာကွယ်ရန် ထောက်လှမ်းရေးများ စေလွှတ်ဖို့ အသက်စွန့် စွန့်စားရတဲ့ တရုတ်သူလျှိုများကို အဓိကထား မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

Wang Yibo ရဲ့ Character ပိုင်းနဲ့ ပတ်သတ်ပြီး ယခုလက်ရှိ ထွက်ပေါ်နေတဲ့ သတင်းများအရ သူဟာ အတွင်းရေးမှူး Ye အနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Ye ဟာ အပေါ်ယံ ကြည့်ရင်တော့ အပျော်အပါးမက်ပြီး ဘာကိုမှ အလေးအနက် မထားတဲ့ ပုံစံလို့ ထင်ကောင်းထင်ရပေမယ့် အတွင်းစိတ်ထဲမှာတော့ တိုင်းပြည်ကို မကောင်းမှုတွေကနေ ကာကွယ်ပေးမယ့် ချစ်မြတ်နိုးစိတ်အပြည့်နဲ့ ယောက်ျားကောင်း တစ်ယောက်ဖြစ်နေပါတယ်။

ယခုလို မျက်နှာ (၂) မျိုးနဲ့ နားလည်ရခက်တဲ့ ဂျစ်ကန်ကန် ကောင်လေးအဖြစ် ပါဝင်လာမယ့် Wang Yibo ရဲ့ သရုပ်ဆောင် အရည်အချင်းတွေကို စောင့်ကြည့်ရဖို့ ပရိတ်သတ်များက ရင်ခုန်မျှော်လင့် စောင့်စားနေကြပြီ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ဆက်လက် ပါဝင်လာမယ့် သရုပ်ဆောင် များကိုတော့ တရားဝင် ကြေငြာခြင်း မရှိသေးပေမယ့်လည်း Zhou Xun နဲ့ Wang Chuanjun တို့ရဲ့ အမည်များကိုလည်း Douban မှာ စာရင်းပြုစု ထားတာကို တွေ့ရပါတယ်။

ထို့အပြင် နိုဝင်ဘာလ (၂၂) ရက်နေ့က ရုပ်ရှင်ရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်သူ Er Cheng နဲ့ Wang Yibo ၊Wang Chuanjun၊ Zhou Xun တို့ အတူတူ ဓာတ်ပုံရိုက်နေတဲ့ ပုံကို အင်တာနက် စာမျက်နှာတွေမှာ မျှဝေခဲ့ကြပါတယ်။ စိတ်ဝင်စားဖွယ်ရာ အပြည့်နဲ့ ရုပ်ရှင် အသစ်တစ်ခုကတော့ ပရိတ်သတ်တွေဆီကို ခြေလှမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo