Chinese Celebrity

ချစ်သူ Luhan ရဲ့ သစ္စာရှိမှုနဲ့ပတ်သက်လို့ Guan Xiaotong ရဲ့ ယုံကြည်ချက်ရှိတဲ့ အဖြေတစ်ခု

Luhan နဲ့ Guan Xiaotong ရဲ့အချစ်ရေးကတော့ မကြာခဏဆိုသလို ကောလဟာလတွေလည်း များစွာထွက်တတ်ပါသေးတယ်။ နိုဝင်ဘာလလယ်လောက်တုန်းက‌တောင် ဒီစုံတွဲက လက်ထပ်တော့မယ်ဆိုပြီး သတင်းတွေပြန့်ထွက်လာပြန်ပါသေးတယ်။ ဒါကလည်း နှစ်တိုင်းလောက် ထွက်နေကျကောလဟာလမို့လို့ နှစ်ဖက်ပရိသတ်ကတော့ ဖြုံတောင်မဖြုံခဲ့ပါဘူး။

ဝေဖန်မှုတွေရှိရင်တောင် လက်တွဲမဖြုတ်ဘဲ ရှေ့ဆက်ခဲ့တဲ့ Luhan နဲ့ Guan Xiaotong တို့အတွဲရဲ့ အချင်းချင်းထားရှိတဲ့သစ္စာတရား၊ ယုံကြည်ချက်တွေဟာ ဘယ်လောက်တောင်ခိုင်မြဲသလဲဆိုတာကတော့ အမှတ်မထင်ပြောလိုက်တဲ့စကားလေးတွေက သက်သေထူနေခဲ့ပါတယ်။ တခါက Guan Xiaotong ဟာ အစီအစဉ်တစ်ခုကိုတက်ရောက်ခဲ့ပြီး Host တွေက သူမရဲ့အချစ်ရေးကို စပ်စုခဲ့ကြပါတယ်။

Luhan နဲ့ လက်ထပ်မယ့်အချိန်၊ Luhan အကြောင်းတွေမေးရင်း “အကယ်၍များ Luhan က မင်းနဲ့တွဲနေတုန်း တခြားကောင်မလေးတစ်‌‌ယောက်ကိုကြိုက်သွားရင် ဘယ်လိုလုပ်မလဲ?” ဆိုပြီး ပေါက်ပေါက်ရှာရှာမေးခဲ့ရာ Guan Xiaotong ကတော့ မိန်းကလေးတိုင်းအတုယူသင့်တဲ့အဖြေကို ဖြေခဲ့ပါတော့တယ်။ ဒီလိုမျိုး ဖောက်ပြန်တဲ့အခါမျိုးမှာ မိန်းကလေးတော်တော်များများက “သူနဲ့လမ်းခွဲမှာပေါ့” ဆိုပြီး တန်းဖြေလေ့ရှိကြပေမဲ့ Xiaotong ရဲ့အဖြေကတော့ ကွဲ‌ထွက်နေခဲ့ပါတော့တယ်။

ခဏလေးစဉ်းစားပြီးနောက် ချက်ချင်းပဲ “ကျွန်မကတော့ အဲ့လိုဖြစ်ဖို့ အခွင့်ရေးလေးတစ်ခုတောင် ပေးမှာမဟုတ်ဘူးလေ” ဆိုပြီး တိုတိုတုတ်တုတ်ပဲ ဖြေချခဲ့တာပါ။ Luhan ကို ဘယ်လောက်တောင်ချစ်ပြီး ကိုယ့်ကောင်လေးကိုလည်း ယုံကြည်သလဲဆိုတာ Guan Xiaotong ရဲ့ အဖြေလေးက သက်သေပါပဲ။

Luhan ကတော့ တွဲကတည်းကတိုင် လူသိရှင်ကြားထုတ်ပြောပြီးမှ တွဲတာဖြစ်လို့ Xiaotong ကို တန်ဖိုးထားမှန်းလည်း အားလုံးသိကြပါတယ်။ အသက် (၇) နှစ်ကွာပေမဲ့ လိုက်ဖက်နေလွန်းတဲ့ ဒီစုံတွဲလေးကတော့ တနေ့တခြားပိုချစ်နေကြမယ် ထင်ပါတယ်နော်။

Source: Sohu
Photos: Studio Weibo
Translated by Ivy