Chinese Celebrity

သတင်းများ ထွက်ပေါ်နေတဲ့ Xiao Zhan ရဲ့ နောက်ထပ် Project အသစ်

ဒီရက်ပိုင်းအတွင်း Twitter , Weibo စတဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ Xiao Zhan ရဲ့ နောက်ထပ် Project အသစ်နဲ့ ပတ်သက်ပြီး မျှော်လင့်ပြောဆို မှုတွေဟာ ပိုမိုကျယ်ပြန့် လာတာကို တွေ့ရပါတယ်။ အမာခံပရိတ်သတ် များစွာကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းကြယ်ပွင့် တစ်ယောက်အတွက် ကောင်းမွန်တဲ့ Project များစွာ ရှိခဲ့သလို Project အသစ်များကို အဆက်မပြတ် မျှော်လင့်နေကြတဲ့ ပရိတ်သတ်များရဲ့ ဆန္ဒတွေကလည်း ဆက်တိုက်ဆိုသလို တည်ရှိနေတတ်ပါတယ်။

ယခုတစ်ကြိမ်မှာလည်း Xiao Zhan ရဲ့ Project အသစ်ကို အချစ်ဇာတ်လမ်းတွဲ တစ်ခုအဖြစ် မျှော်လင့်ပြောဆို နေကြပြီး တွဲဖက် မင်းသမီး အနေနဲ့ကတော့ မင်းသမီးချော Guli Nazha ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ မင်းသမီး​ချော Guli Nazha ဟာ Beijing Film Academy ကနေ ဘွဲ့ရခဲ့သူဖြစ်ပြီး ရင်ဖိုစရာကောင်းတဲ့ အလှပိုင်ရှင် ဖြစ်ရုံသာမက အရည်အချင်း ပြည့်စုံတဲ့ ပါရမီရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

ထို့အပြင် ဒါဟာ Xiao Zhan နဲ့ Guli Nazha တို့ကို ပထမဆုံး တွဲဖက်မြင်တွေ့နိုင်မယ့် Project အသစ်စက်စက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ Xiao Zhan ရဲ့ ဇာတ်လမ်းတွဲ Update များကလည်း ဟိုလေးတကျော် ပေါ်ထွက်နေပါတယ်။ မကြာသေးမီကပဲ Poster အသစ်နဲ့အတူ ပရိတ်သတ်တွေကို ဆွဲဆောင်ခဲ့တဲ့ The Longest Promise ဇာတ်လမ်းတွဲ ကလည်း အပိုင်း (၅၀) ထိ ပါဝင်မှာဖြစ်ပြီး ပရိတ်သတ်များကလည်း ရင်ခုန်စွာ မျှော်လင့်စောင့်စား နေကြဆဲ ဖြစ်ပါတယ်။

၎င်းအပြင် လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ပြသခွင့် လိုင်စင်ရခဲ့တဲ့ မင်းသားချော Huang Jingyu လည်း အတူပါဝင်မယ့် Ace Troop ဇာတ်လမ်းတွဲလည်း ထွက်ရှိလာဖို့ ရှိနေသေးသလို မင်းသမီးချော Yang Zi နဲ့ တွဲဖက်ထားတဲ့ The Oath of Love ဇာတ်လမ်းတွဲဟာလည်း ယာယီမှာ ပြသဖို့ ရွှေ့ဆိုင်းထားပေမယ့် ပရိတ်သတ်တွေဆီကို သေချာပေါက် ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။

တကယ်ကို ထိပ်တန်းကြယ်ပွင့် တစ်ယောက်ရဲ့ ပုံရိပ်နဲ့ လျော်ညီစွာပဲ အောင်မြင်တဲ့ Project များစွာရဲ့ ပိုင်ရှင်ကတော့ အတောသတ်လို့မရတဲ့ ကျော်ကြားမှုတွေနဲ့ နောက်ထပ် Project ကလည်း ခြေလှမ်းလာနေပါပြီ။ Project အသစ်နဲ့ ပတ်သတ်တဲ့ သတင်းများကတော့ အတည်ပြုဖို့ သေချာတဲ့ အချိန်တစ်ခုမှာ အချက်အလက် အသေးစိတ်ကို တရားဝင် ကြေညာမှာ ဖြစ်ကြောင်း သိရပြီး အတူတကွ မျှော်လင့်ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Twitter
Photos : Twitter